Wednesday, April 30, 2014

မြန်မာ့ ဂီတလောက

one of the reasons why i literally don't listen to burmese songs or the brainwashed mindset of burmese singers and song writers

ကျမတို့ ကော်ပီဆိုတယ်ဆိုတာ သက်သက်သာသာ လေး ဆိုနေတာ မဟုတ်ပါဘူး လည်ချောင်းသွေးထွက်အောင် အော်ပီး လေ့ကျင့်ပီး ဆိုနေတာပါ (အဆိုပြိုင်ပွဲ မှ တစိဆင့် အောင်မြင်လာသူ တေးသံရှင်တစ်ဦး)

ကော်ပီလဲ ဆိုရတီးရ တာဘဲ အုန်းကျွန်း (own tune )လဲ ဆိုရတီးရတာဘဲ (ရော့ကာဘိုးအေကြီး)

ကော်ပီလွယ်တယ်ဆိုရင် ရေးကြည့်လိုက်စမ်းပါ
(နာမည်ကြီး တေးရေးဆရာ)

sorry but it is true , stupid ppl

ကိုယ့်ကိုကိုယ် မသေချာခြင်းများ

အချစ်ဆိုတာ ထူးဆန်းတယ်
ဘာကို လက်ကိုင်ပြီး ဘာက အချစ်ပါဆိုတာကိုပြောဖို့ ခက်ပေမယ့်
အချစ်ဆိုတာ က ရှိနေတယ် ။ ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်
ဒါပေမယ့် အချစ်ဆိုတာကို ခံစားဖူးကြတယ်
အချစ်ဆိုတာကြီးကြောင့် ခံစား ခဲ့ကြရတယ် ။ နာကျင်ခဲ့ရတယ် ။
မျက်ရည်ဆိုတာတွေကို အချစ်နဲ့ ကျမှ ပျော်ပျော်ကြီး ပေးဆပ်ခဲ့တယ်။
တော်တော် ရင့်ကျက်နေပြီ လို့ ကိုယ့်ကိုကိုယ် ထင်နေပြီးမှ ဒီအချစ်ကြောင့် ငါဟာ အရူးတစ်ယောက်လိုပါလား လို့ တွေးမိတယ် ။
ရုပ်ရှင်တွေထဲ ၊ ဝတ္ထုတွေထဲ မှာ အလွန်အမင်း အမွန်းတင်နေတဲ့ အချစ်ဆိုတာကို ကိုယ်တိုင် ကြုံတွေ့ရတဲ့ အချိန်မှာ ရုပ်ရှင်ထဲကလို လှပမနေခဲ့ပါဘူး ။
ဒါပေမယ့် ဖြစ်ခဲ့တာတွေ အားလုံးအတွက် ကျေနပ်တယ်။
အနည်းဆုံးတော့ ငါသည် အချစ်ကို ခဏတာ ခံစားဖူးခဲ့တယ်လေ ။ ငါ့အတွက် လုံလောက်ပြီပေါ့ ။
နောက် အချစ်တွေလဲ ပေါ်ချင်ပေါ်လာမယ် မပေါ်ချင်လဲ မပေါ်လာတော့ဘူးပေါ့ ။
ရှေ့ဆက်သွားတာကတော့ သွားရမှာပဲလေ ။ ရပ်နေလို့မှ မရတာ ။ 

ကြိုက်မိတဲ့ သီချင်း တပုဒ်

ငါသည် enrique iglesias ရဲ့ hero သီချင်းကို ဘာလို့ ကြိုက်ရသလဲ လို့ တွေးမိသောအခါ
၁) စာသားများသည် အလွန်တရာ မဟားတရား ပက်ပက်စက်စက် ကိုကောင်းလွန်းနေခြင်း
၂) သံစဉ်သည် မဆူလွန်း မညံလွန်း မအေးလွန်း မငြိမ်လွန်း အလောတော် ဖြစ်ခြင်း
၃) အဆိုတော်၏ အသံသည် မနာလိုစရာကောင်းလောက်အောင် ကောင်းလွန်းခြင်း ၊ သာမန်ကောင်းသည်ဆိုတာထက်ပို၍ ဆွဲဆောင်မှုရှိလွန်းခြင်း
၎) အဆိုတော် သည် ဤသီချင်းကို ဆိုရာ၌ expression ဟုခေါ်သော ခံစားချက် ကို စကားလုံး တစ်လုံးချင်းဆီတွင် ထည့်၍ ဆိုခြင်း

ထို့ကြောင့်ကြိုက်ပါသည် ... အခုတလော ဒီသီချင်းတစ်ပုဒ် သာနားထောင်ဖြစ်နေပါကြောင်း အခေါက် ၁၀၀ မကတော့ပါကြောင်း