Friday, May 9, 2014

ပထမဆုံးအကြိမ် သွေးလှူ ခြင်း

ပထမဆုံးအကြိမ် သွေးလှူ တဲ့ အတွေ့အကြုံလေး ပေါ့

မနက်အစောကြီး ၆ နာရီ အိပ်ရာက ထပြီး ရေမိုးချိုး ပြီး ၇ နာရီကျော်လောက် အိမ်က ထွက်ခဲ့တယ်
မနက်အစောဆိုတော့ ကားမပိတ်ပဲနဲ့ ၇ ခွဲလောက် သွေးလှူ ဘဏ် ကို ရောက်သွားတယ်
တစ်ယောက်ထဲ ပျင်းလို့ အင်တာနက်ထိုင်သုံးနေလိုက်တယ် ဖုန်းထဲက အင်တာနက်ကို လက်ပတော့ ပေါ်တင်ပြီးတော့ အီးမေးလ်စစ် ဖဘ သုံးနေလိုက်တယ်
 ၈ နာရီထိုးခါနီးလဲကျရော လူနာရှင်က လာတယ် ၁၀ နာရီလောက်မှ လှူ ရမယ်တဲ့ သေရော .. ပြီးရင် ရုံးကိုလဲ ပြန်သွားဦးမှာကို
လာလက်စနဲ့မထူး ဘူး စောင့်လိုက်မယ်ဆိုပြီး ပျင်းပျင်းနဲ့ ဆက်စောင့်နေလိုက်တယ်
ရန်ကုန် ကလဲ သိတဲ့အတိုင်း နေကလဲ ပူ ၊ သစ်ပင်ရိပ်အောက်နေနေပေမယ့် ပူတဲ့ဒဏ်ကို မခံနိုင်ဘူး
အဆောင်ထဲက လဲ အဲကွန်း မရှိတော့ ပူမှာဘဲ
နားကျပ်နဲ့ သီချင်းနားထောင်လိုက် ၊ ဂိမ်းဆော့လိုက် ၊ ဟိုလျှောက်ဒီလျှောက်နဲ့ဘဲ ဆယ်နာရီ ထိုးသွားတယ်

ပြီးတော့ သွေးလှူ လို့ရဘီ ဆိုပြီး သွားတယ်
သွေးပေါင်ချိန်တိုင်းတယ် အကုန်ဆင်ပြေတယ် .ပီးတော့ ကွန်ပျူတာ ကောင်တာကိုသွားရတယ်
အချက်အလက်တွေ ဖြည့်ထားတဲ့စာရွက်ကို ကြ့ည့်ပြီး ကွန်ပျူတာ ထဲ ရိုက်ထည့်တယ်
 ပြီးတော့ လက်ဗွေကို တစ်ဖက် ငါးခါတောင် နှိပ်ခိုင်းတယ် ဘာလုပ်ဖို့လဲ တော့ သိဘူး

ပြီးတော့ သွေးထုတ်တဲ့ အခန်းကို သွားတယ် ။ ခုတင်တွေအများကြီးဘဲ .
ဆရာမ တွေလဲ အများကြီးဘဲ ။ ဆရာမတစ်ယောက် က ထောင့်မှာ ရှိတဲ့ ခုတင် တစ်ခုပေါ် လှဲခိုင်းတယ်
 ပြီးတော့ ထုံးစံအတိုင်း လက်မောင်းမှာ လက်ပတ်ကလေးတစ်ခု ပတ်ပြီး လက်သီးဆုပ်ခိုင်းတယ်
လက်သီးကို ရိုးရိုးဆုပ်လို့ မရဘူး  လက်မကို လက်သီးထဲ ထည့်ပြီး ဆုပ်ရတယ် ဘာလို့လဲ တော့မသိဘူး

ပြီးတော့ သွေးကြောရှာ တယ် ပြီးတော့ သွေးဖောက်တယ်
အပ်ထည့်တာ နဲနဲတော့ နာတယ် ... အပ်က ကြီးတာကိုး
ပြီးတာနဲ့ သွေးအိတ်ကို ခုတင်ဘေးက ခုံလေးမှာ အနိမ့်မှာ ချထားတယ် သွေးတွေ က သွေးအိတ်ထဲ ကို ဝင်နေတာပေါ့ . ခြေထောက်ကိုလဲ ဆင်းခိုင်းထားတယ် .. ထောင်ထားလို့လဲမရဘူး
ပြီးတော့ သွေးအိတ်ကို ကြည့်ချင်လို့ ခေါင်းထောင်ကြည့်တာကို ခေါင်းထောင်လို့ မရဘူးတဲ့ အဲ့ဒါနဲ့ဘဲ မကြည့်တော့ဘူး

ဒီကြားထဲ ကျောင်းသားတွေစာသင်ဖို့ဆိုပြီး သွေးနဲနဲယူမယ် ဆိုပြီး လာယူသွားသေးတယ် ယူပေါ့ ပေးချင်လို့လာလှူ တာ ဘဲ ကို..... 

၁၀ မိနစ် ၁၅ မိနစ်လောက်ဘဲ ကြာပါတယ် ပြီးသွားရော ...... လာဖြုတ်သွားတယ်

ပြီးပြီးချင်း ထလို့မရသေးဘူးတဲ့ ရုတ်တရက် ထလိုက်ရင်ခေါင်းမူးတတ်တယ်တဲ့ ငါးမိနစ်လောက် ခုတင်ပေါ်မှာ နေနေရသေးတယ် နေလိုက်ပါတယ်

ခဏနေတော့ ရပြီတဲ့ ဆရာမတစ်ယောက်က လာပြောတယ်
နောက်လှူ ချင်ရင်လဲ လှူလို့ ရကြောင်း လေးလတစ်ခါ ပဲ လှူ လို့ရကြောင်း အားဆေးပေးလိုက်ကြောင်း တစ်နေ့ တစ်လုံးသောက်ရမည် ဖြစ်ကြောင်း ပြောတယ်

ဟုတ်ကဲ့ ဟုတ်ကဲ့လို့ ဘဲပြောလိုက်တယ် .... ပြီးတော့ ဟိုဘက်ခန်းမှာ မုန့်ကျွှေးတယ်တဲ့ စားသွားတဲ့ စားပြီး ခဏနားပြီးမှ သွားတဲ့ စားချင်ပါဘူး ..... လူုက နဲနဲလေး မဆိုသလောက်လေးမူးနေတာ အပြင် ဘာမှ မှ မဖြစ်တာ အေးဆေးဘဲ ...

အဲ့ဒါနဲ့ ထွက်လာခဲ့တယ် တက်ဆီငှားပြီး ရုံးကိုတန်းလာခဲ့လိုက်တယ် .. ရုံးရောက်ပြီး ခဏနေတော့ ထမင်းစားလိုက်တယ် ... ဘာမှ မဖြစ်ပါဘူး

ပထမဆုံးအကြိမ် သွေးလှူ တာ ကတော့ နှစ်နာရီကျော်စောင့်လိုက်ရတာ ကလွဲလို့ အကုန် အဆင်ပြေပါတယ်
သူများတွေပြောသလို ..... ပီတိတွေတော့ ဖြာမသွားပါဘူး .. ဒီလိုဘဲ ပေါ့ လှူ နိုင်တာ တစ်ခုကို လှူ လိုက်တယ် ဘဲလေ ....

အဆင်ပြေပါတယ်

No comments:

Post a Comment