ရွှေတိဂုံ ဘုရား ပေါ်က အူကြောင်ကြောင် ဂိုက်များ (၁)
ရွှေတိဂုံ ဘုရား ကို ကိုယ့်ဘာသာ ကို ဆို မရောက်ဖြစ်ပါဘူး
ဟိုတစ်လော က အလုပ်နဲ့ နိုင်ငံခြားသားတွေကို လိုက်ပို့ တော့မှ ဘဲ ရောက်ဖြစ်တော့တယ်
ဘုရားပေါ်ရောက်ပြီး ဟိုကြည့်ဒီကြည့် နဲ့ လုပ်ပြီး တန်ဆောင်း တစ်ခု မှာ ခဏထိုင်ကြမယ် ဆိုပြီး ထိုင်နေကြတယ်
အဲ့ချိန်မှာ ဆံပင် ဖြူ ဖြူ နဲ့ အဘိုးကြီး တစ်ယောက် အကျီင်္ အဖြူ ပုဆိုး လေး ဝတ်ထားတယ် နိုင်ငံခြား သားတွေနားကို ကပ်ပြီး ဟောင်း အာ ယူ တွေ ဝှဲ အာ ယူ ဖရွန် ဆိုပြီး အတင်း ဝင်ရောတော့တာပဲ ထုံးစံအတိုင်း ငပိ သံကြီးနဲ့ပေါ့
ထားပါတော့ ဒါမျိုးတွေ က တွေ့နေကြပဲ ဆိုတော့ လွှတ်ပေးထားလိုက်တယ် သူပြောနေတဲ့ တစ်ယောက် ကျော် မှာ ကျနော် ထိုင် နေတယ် ဆိုတော့ သူ ဘာတွေပြောလဲ အကုန် ကြားနေရတယ်
ပထမ တော့ ဘယ်ကလဲ လို့ မေးလိုက်တော့ ဟိုက လဲ Australia ကပေါ့ အဲ့တာနဲ့ ထုံးစံအတိုင်းပေါ့
ငါ ဘုရားအကြောင်း ရှင်းပြ နိုင်တယ်ပေါ့ ပုံပြင်တွေလဲ သမိုင်းကြောင်းတွေလဲ ပြောပြမယ် ပေါ့
အဲ့ထိ ဘာမှ မဖြစ်သေးဘူး ဆက်နားထောင်ကြည့်တယ် ဆက်ပြောတယ်
ငါက အသက်ကြီးနေပြီတဲ့ အဲ့တော့ နင်တို့ ထက်ပိုသိတယ် တဲ့ တခြား ဂိုက် ငယ် ငယ်လေးတွေထက်လဲ ပိုသိတယ် သမိုင်းကြောင်း တွေ ပုံပြင်ဟောင်းတွေကို ပြောပြနိုင်တယ် တဲ့ ငါ က နင်တို့ အဖေ အရွယ် လောက် အဘိုး အရွယ်လောက် ရှိတယ်တဲ့ အဲ့တာတွေကို မျက်နှာကို လက်ညှိုး ထိုးပြီးပြော တာ နော် သူက တော့ ပုံမှန် ဘဲ ပြောတာနေမှာပါ ဒါပေမယ့် လက်ညှိုးကြီး ထိုးပြီး ပြောတာ ဆိုတာ ယဉ်ကျေး တဲ့ အပြုအမူ မဟုတ်ဘူးဆိုတာ သူမသိဘူးလား မသိဘူး
ထားပါတော့
အဲ့ဒါနဲ့ ဟို နိုင်ငံခြားသူက ရှင်က ဂိုက်လား လို့ မေးလိုက်တယ် အဲ့တော့ အဘိုးကြီး က ဟုတ်တယ် တဲ့ ကတ် ထုတ်ပြတယ် ပြီး တော့ ဆက်ပြောတယ် ဂိုက်လဲ လုပ်တယ် စကားပြန်လဲ လုပ်တယ် ဘာသာပြန်လဲ လုပ်တယ် စာလဲသင်တယ် တဲ့
အဲ့ဒါနဲ့ နိုင်ငံခြား သူ ကလဲ ဒါမျိုး တွေကို ရိုးနေပြီ ဆိုပြီး ယဉ်ယဉ်ကျေးကျေး ဘဲ ကျနော် ပါလာပါတယ် တဲ့ သူတို့ ဂိုက်မလိုပါဘူး ကျေးဇူးပါဆိုပြီး ပြောတယ်
အဲ့ဒါ ကို ထွက်မသွားသေးဘူး လူတွေ ရဲ့ မျက်နှာကို အကဲ မခတ်တတ်တာလား တမင် ဇွတ်လုပ်နေတာလား တော့ မသိဘူး အကုန်လုံးရဲ့ မျက်နှာတွေမှာ သူ့ ကို မနှစ်မြို့ တဲ့ အရိပ်အယောင်တွေကို မတွေ့ ဘူး လား မသိဘူး
ဆက်ပြောနေသေးတယ် ဘယ် မြို့ ကလာတာလဲ တဲ့ Melbourne က တဲ့ အော် မဲဘုန်း ကလားတဲ့ ငပိသံကြီးနဲ့ ထပ်ပြောပြန်တယ်
သူ့မှာ မဲဘုန်း သူငယ်ချင်းတွေ ရှိတယ်တဲ့ စာအုပ်ဝါကျင့်ကျင့်ကြီး တစ်အုပ်ကို ထုတ်လိုက်တယ် ပြီးတော့ ဖင်ပြန်ခေါင်းပြန် ရှာတယ် တံတွေးတွေ လက်မှာ ဆွတ်ဆွတ်ပြီးတော့ စာအုပ်ကို လှန်တယ် လှန်တယ် မတွေ့ဘူး ပြန်ရှာတယ် နှစ်မိနစ်လောက် ရှာလိုက်တယ်
ပြီးတော့ ဒီမှာ ဆိုပြီး ပြတယ် သူ့ သူငယ်ချင်း ရေးသွားတာတဲ့ ဟို က တစ်ချက်တော့ ကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ်
"ရှင့် ဟာ က ပြင်သစ်လိုတွေ ရေးထားတာ " တဲ့
ဂွမ်းရော
ဆက်လွှတ်ပေးထားလိုက်တယ် ဘာပြောမလဲလို့ ခပ်တည်တည်ဘဲ
"ပြင်သစ် လို မဖတ်တတ်ဘူးလား " တဲ့
ဟိုက "ဖတ်တတ်တယ် လေ" တဲ့
" ဒါပေမယ့် ရှင့်ဟာ က Melbourne က ဟာမှ မဟုတ်တာ" တဲ့
ဟိုက "ဖတ်တတ်တယ် လေ" တဲ့
" ဒါပေမယ့် ရှင့်ဟာ က Melbourne က ဟာမှ မဟုတ်တာ" တဲ့
အဲ့တော့မှ ဟိုလိုလို ဒီလိုလို နဲ့ လက်လျော့ သွားတယ်
နို င်ငံခြားသူလဲ စိတ်က မရှည်တော့ဘူး ရှင် တစ်ခြားလူတွေကို သွားပြော ပါ ကျမ တို့ စိတ်မဝင်စားလို့ပါ လို့ ပြောလိုက်မှ ဘဲ ယောင်ပေယောင်ပေ နဲ့ ထွက်သွားတော့တယ်
ဂိုက် အစစ် ဟုတ်မဟုတ်တော့ မသိပါ ကတ်တော့ ထုတ်ပြတာဘဲ
ဂိုက် ကျင့်ဝတ် မရှိတာ နိုင်ငံတကာယဉ်ကျေးမှု ကို နားမလည် တာ မသိတာ မလေးစား တာ တွေ က တော့ အထင်းသား ကို ပေါ် လို့
အဲ့အဘိုးကြီး ကို ဘာမှ တော့ မပြောလိုက်ပါဘူး သူ လဲ သူ့ ဝမ်းစာ သူ ရှာစားနေတာပဲ လေ လို့ လဲ တွေးပေးလိုက်ပါတယ်
Best Online Casinos in India for 2020 - List of India's Best Online
ReplyDeleteList of Best Indian Casinos starvegad for 2020 - List of India's Best Online Casinos and Best Online 1xbet Slots Apps. Indian online gambling is one of 퍼스트카지노 the most popular