Wednesday, April 30, 2014

ကိုယ့်ကိုကိုယ် မသေချာခြင်းများ

အချစ်ဆိုတာ ထူးဆန်းတယ်
ဘာကို လက်ကိုင်ပြီး ဘာက အချစ်ပါဆိုတာကိုပြောဖို့ ခက်ပေမယ့်
အချစ်ဆိုတာ က ရှိနေတယ် ။ ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်
ဒါပေမယ့် အချစ်ဆိုတာကို ခံစားဖူးကြတယ်
အချစ်ဆိုတာကြီးကြောင့် ခံစား ခဲ့ကြရတယ် ။ နာကျင်ခဲ့ရတယ် ။
မျက်ရည်ဆိုတာတွေကို အချစ်နဲ့ ကျမှ ပျော်ပျော်ကြီး ပေးဆပ်ခဲ့တယ်။
တော်တော် ရင့်ကျက်နေပြီ လို့ ကိုယ့်ကိုကိုယ် ထင်နေပြီးမှ ဒီအချစ်ကြောင့် ငါဟာ အရူးတစ်ယောက်လိုပါလား လို့ တွေးမိတယ် ။
ရုပ်ရှင်တွေထဲ ၊ ဝတ္ထုတွေထဲ မှာ အလွန်အမင်း အမွန်းတင်နေတဲ့ အချစ်ဆိုတာကို ကိုယ်တိုင် ကြုံတွေ့ရတဲ့ အချိန်မှာ ရုပ်ရှင်ထဲကလို လှပမနေခဲ့ပါဘူး ။
ဒါပေမယ့် ဖြစ်ခဲ့တာတွေ အားလုံးအတွက် ကျေနပ်တယ်။
အနည်းဆုံးတော့ ငါသည် အချစ်ကို ခဏတာ ခံစားဖူးခဲ့တယ်လေ ။ ငါ့အတွက် လုံလောက်ပြီပေါ့ ။
နောက် အချစ်တွေလဲ ပေါ်ချင်ပေါ်လာမယ် မပေါ်ချင်လဲ မပေါ်လာတော့ဘူးပေါ့ ။
ရှေ့ဆက်သွားတာကတော့ သွားရမှာပဲလေ ။ ရပ်နေလို့မှ မရတာ ။ 

No comments:

Post a Comment