မျိုးချစ် ဆရာ ဆရာမကြီးများသို့
ကုလား ဖုန်းကတ်များ မသုံးခိုင်းသော .. သုံးမိရင်ပဲ အမျိုးဘာသာ သာသနာကို သစ္စာဖောက်နေသလို ၊ ကုလား ကျွှန်ပဲ ဖြစ်တော့မလို ပြောနေကြသော ဆရာ ဆရာမကြီးများ ကို သိစေချင်ပါသည် ။
အုံနာကြေးမရသေး၍ မိုးရွာ ထဲတွင် ဗိုက်အောင့်နေတဲ့ကြားထဲက မနားနိုင်ဘဲ တက်ဆီဆွဲနေရင်း အိမ်က မိန်းမ ကို ဆန်ပြုတ်လေး ပြုတ်ထားဖို့ သူရဲ့ တာတာ ခလုတ် ဖုန်းလေးနဲ့ မကြားတစ်ချက် ကြားတစ်ချက် လှမ်းပြောနေသော တက်ဆီ သမား ကို တွေ့ဖူးလား ။ ဗိုက်တော်တော်အောင့်နေရင် ဆေးခန်းသွားပါလား လို့ မေးလိုက်သော ကျနော့်ကို ကြောင်စီစီ ပြန်ကြည့်နေတဲ့ တက်ဆီသမားမျိုး ခင်များ မြင်ဖူးလား၊ တက်ဆီသမားနော် ၊ ကားမောင်းနေတဲ့ လူ ၊ ဆိုက်ကားသမားမဟုတ်ဘူး ။
ပီဇာဆိုတာ ဘာလဲ လို့ မေးတဲ့ တက်ဆီ သမားကို တွေ့ဖူးလား ။ ပီဇာဆိုတာ နိုင်ငံခြားမှာ ဘောစိတွေ ၊ လူကြီးလူကောင်းတွေမှ စားနိုင်တာလို့ ထင်နေတဲ့ အဲ့ဒိ အညာသားကြီး တက်ဆီသမားကြီးကိုတွေ့ဖူးလား ။
ေ နေ့လည် ၃ နာရီထိုးတဲ့ထိ အုံနာခ မရသေးလို့ ထမင်းမစားရသေးတဲ့ တက်ဆီသမားတွေကို မြင်ဖူးလား။
ေ မြောင်းပုပ်ဘေးနားက ကျူးကျော်တဲလေး မှာနေပြီး ဘက်ထရီအိုးလေးကို ကျွှတ်ကျွှတ်အိတ်ထဲထည့် ပုခုံးမှာ လွယ်ပြီး ရှော့ရိုက် ငါးဖမ်းပြီး အသက်မွေးရသော သားအဖ … ဒီနေ့ အိမ်မှာ ကန်စွန်းရွက်ကြော်လေးနဲ့ ထမင်းစားရဖို့ ပျော်ရွင်စွာ ပြောရင်း အိမ်ပြန်နေတာ ကို မြင်ဖူးပါသလား ။
အဲဒိလို ကလေးလေးတစ်ယောက်က သူ့အမေ ပဲပြုတ်နဲ့ မျှစ်ကြော်ထားတာကို ဟင်းနှစ်မျိုးတောင်စားရမှာ ဆိုပြီး ခုန်ပေါက်နေတာကို မြင်ဖူးလား ။
ဆိုက်ကားနင်းနေရင်း က ဗိုက်ဆာလို့ လမ်းဘေး က အပေါစား သုံးရာတန် ထမင်းကြော်နဲ့ ဟင်းကို အမြန်သွတ်နေတုန်း ဆိုက်ကားစီးမယ့်လူလာလို့ စားနေတဲ့ ထမင်းကို ထားခဲ့ပီး နေပူထဲ ဆိုက်ကားနင်းနေတဲ့ လူကို တွေ့ဖူးလား ။
ရထားခက အနည်းဆုံးတစ်ရာ ဖြစ်သွားလို့ သောက်နေကျ လက်ဖက်ရည်လေးကို မသောက်ရတော့တဲ့ ညစောင့်သမားတွေ ၊ ဆောက်လုပ်ရေး ပန်းရန် လုပ်သားတွေ ၊
အိမ်အပြန် ရထားမီအောင် ဘူတာကို အပြေးအလွား သွားနေတာ မြင်ဖူးလား
လက်ဖက်ရည်ဆိုင် က အရွယ်နဲ့မလိုက်အောင် အလုပ်လုပ်နေရတဲ့ ကလေးလေးတွေ ဆိုင်ကို လာတဲ့ လူတွေက ဖုန်းအမျိုးမျိုး နဲ့ ပွတ်နေကြတာကို မစားရဝခမန်း ကြည့်နေရတဲ့ ကလေးလေးတွေ ကို တွေ့ဖူးလား ၊ ဆိုင်ရှင် ဆူဆဲ အရိုက်ခံနေရတဲ့ကြားထဲ က ပေတေပြီး ဘယ်မှ သွားစရာမရှိလို့ ဆက်လုပ်နေရတဲ့ ကလေးလေးတွေကို တွေ့ဖူးလား
ခင်များတို့ အမျိုးစစ်စစ် မြန်မာတွေက ပေးတဲ့ ၁၅၀၀ ဆိုတဲ့ မဲနှိုက်ပြီး ဝယ်ရတာလေး ကို ကံကောင်းထောက်မစွာနဲ့ ခင်များတို့ မြန်မာလူမျိုးတွေထဲမှာ ရှားတဲ့ သမာသမတ်ကျသော ၊အယောက်တစ်ရာ မှာ တစ်ယောက်သာရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဘက်မလိုက်ပဲ မဲနှုက်ပေးလို့ ပေါက်တဲ့ ဖုန်းကတ် လေးကို ဟန်းဆက်ဝယ်ဖို့ ပိုက်ဆံမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သေလောက်အောင် ကိုင်ချင်နေတဲ့ကြားက လေးငါးသောင်းပေးဝယ်နေတဲ့ ဖုန်းဆိုင်တွေကို ပြန်ရောင်း လိုက်ရတာ မျိုး မြင်ဖူးလား
အဲ့လိုပေါက်ထားတဲ့ဆင်းကတ်လေး ကို သုံးချင်လွန်းလို့ ဟန်းဆက်မဝယ်နိုင်တော့ ပိုက်ဆံရှိတဲ့အမျိုး တွေ ဦးလေး တွေ အဒေါ်တွေမှာ သူများသုံးပြီးသား ဟန်းဆက် အစုတ်လေးတွေ လိုက်ရှာတောင်းနေတဲ့ လူတွေမြင်ဖူးလား ။ ဟန်းဆက်လေးရပြန်တော့လဲ .. ငါးထောင်ကတ်ကို ဝယ် စရာပိုက်ဆံမရှိလို့ နေ့ပြန်တိုးနဲ့ လိုက်ချေးငှားနေတာကို မြင်ဖူးလား ။
ခင်များတို့သုံးနေတဲ့ အင်တာနက်တို့ ဖေ့စ်ဘွတ်တို့ မပြောနဲ့ ….. နယ်ကအမေကို ပိုက်ဆံလေးနှစ်သောင်း ပို့လိုက်ပြီဆိုတာကို လူပေါင်းသောင်းခြောက်ထောင်ရှိတဲ့ ဘတ်စကားမှတ်တိုင်က ဖုန်းဆိုင်လေးမှာ အော်ပြောဖို့ ကို မျက်နှာထားတင်းနေတဲ့ ဖုန်းဆိုင်ကလူကို ခလုတ်အနှိပ်ခိုင်းရတဲ့ အလုပ်သမားလေးတွေကို မြင်ဖူးလား
ဒါမျိုးတွေ ။အဲ့ဒိထက်မကတဲ့ ပြောပြလို့တောင်မကောင်းတဲ့လူတွေ မြန်မာတွေ ခင်များတို့ လူမျိုးစစ်စစ်တွေ မြန်မာနိုင်ငံမှာ ထောင်သောင်းသန်း မက ရှိပါတယ်ဗျာ။
သူတို့လေးတွေ ဖုန်းလေးတွေကိုင်နိုင်ကြတော့မယ် ၊ အော်ရီဒူးလား ။အူရီဒူးလား ။ တယ်လီနော လား ဆိုပြီး ၊ မထွက်ခင်ထဲက ကျိတ်ပျော်နေကြတဲ့ မြန်မာတွေပါ ။ ခင်များတို့ အမျိုးတွေလေ ။ မြန်မာလူမျိုးတွေ ။
သူတို့ က အမျိုးဘာသာ သာသနာ ကို သစ္စာဖောက်ဖို့နေနေသာသာ ထမင်း နပ်မှန်အောင်တောင် စားဖို့ အနိုင်နိုင်ပါဗျာ ။ အဲ့ဒါ ကို ခင်ဗျားတို့ က ပါးစပ်ဖျားလေး ၊ လက်ဖျားလေးနဲ့ သစ္စာဖောက်တွေလို့ စွပ်စွဲတာတော့ ကျနော် ရင်နာလွန်းလို့ ပါ။
ဖုန်းလေးရရင် အမေ့ကို နေ့ တိုင်း ဖုန်းဆက်မယ် ။ ရွာက ညီလေး ညီမလေးတွေကိုလဲ စကားပြောမယ် ။ ည ကိုးနာရီ မှ အလုပ်က ပြန်လာလဲ ပြောလို့ရမယ် ၊ အဲ့လိုမျိုး စိတ်ကူးတွေယဉ်နေကြတဲ့လူတွေကို စွပ်စွဲလိုက်တာ က အမျိုး သစ္စာဖောက်တဲ့လား ဗျာ။
ဂျပန်က လူတွေ က မျိုးချစ်စိတ်ဓါတ် ရှိတယ်တဲ့ သူတို့ ဆီမှာ အူရီဒူး က အလကား သွားပေးရင်တောင် ဂျပန်တွေက သူလူမျိုးရောင်းတာကိုပဲ အားပေးမှာတဲ့ ။ ရေးတဲ့လူ ကရှိသေးတယ် ။ ပြောရက်လိုက်တာ ဗျာ ။ ဂျပန်ဆိုတာ သူတို့ ဆီမှာ တစ်နာရီ အလုပ်လုပ်ရင် ယန်းရှစ်ရာ (ရှစ်ထောင်ကျပ်ခန့်) အနည်းဆုံး ရတဲ့နိုင်ငံဗျ ။ သူတို့ က သူတို့ ဖုန်း ဘေလ်ကို အသာလေးပေးနိုင်တယ် ။ သူတို့အစိုးရဆိုတာ လဲ ပြည်တွင်း ကုမဏီ က ပြည်ပ က လာလုပ်တဲ့ ကုမဏီတွေထက် သာအောင် လိုက်မှီအောင် အားသွန်ခွန်စိုက် အားပေးနေတဲ့ အစိုးရဗျ ။ ဂျပန် က တောဆိုလဲ ခင်ဗျားတို့ ရောက်ဖူးရင် သွားကြည့်လိုက်ဗျာ .. သဘောပေါက်သွားလိမ့်မယ် ။ အဲ့တာမျိုး နှိုင်းပြီး ဂျပန်တွေက မှ ပိုပြီး မျိုးချစ်စိတ်ဓါတ်ရှိတယ် ဆိုတာကတော့ ကျနော် အသည်းပေါက်အောင် နာတယ် ဗျ။
ထပ်ပြောမယ် ခုကျနော်ပြောနေတာ ခင်များတို့ ကျနော်တို့လို တတ်နိုင်တဲ့လူတွေ ဖေ့စ်ဘွတ်ကို မတက်တဲ့ ကြားကနေ ပိုက်ဆံ အကုန်ခံနိုင်ပြီး ဖုန်းပွတ်နေတဲ့ လူတွေ ၊ MPT အင်တာနက် မသုံးရလဲ ရုံးမှာ အိမ်မှာ မထူးမခြားနား Redlink တို့ဘာတို့ ဝယ်သုံးနိုင်တဲ့လူတွေ အတွက်ပြောနေတာ မဟုတ်ဘူး ၊ အင်တာနက်ဆို ဘာကြီးလဲ လို့ မေးဖို့ အသာထား ဖုန်းလေး ဆက်ဖို့ကို အပျော်ကြီးပျော်နေတဲ့ မြန်မာလူမျိုး စစ်စစ် တွေ အကြောင်းကိုပြောနေတာ နော်။
ထားပါလေ ။ အဲ့လိုလူတွေ အဲ့လို မျိုးအခြေအနေတွေရှိနေတာကို သိပြီးသွားတာတောင်မှ ခင်များ က ကုလား ကုမဏီ ကို မဝယ်ခိုင်းချင်သေးဘူးဆိုရင် ။ ကျနော်ပြောမယ် ၊ ခင်များ ကိုယ်တိုင် ရှာထားတဲ့ ပိုက်ဆံတွေထဲ က အပုံ သုံးဆယ်ပုံ တစ်ပုံ ပဲ ကျနော့်ကို လာပေး ၊ ကျနော် အဲ့လို ပိုက်ဆံတွေစုပီး အဲ့လို မြန်မာတွေကို ခင်များတို့ ပြောနေတဲ့ မျိုးချစ် မြန်မာ တွေက ရောင်းတာကိုပဲ ဝယ်ပြီး သွားလှူချင်လို့ ၊ ကျနော်လဲ အလှူထည့်ပါမယ် ။ လစဉ်လတိုင်း ဖုန်းကတ်ဝယ်ပေးမယ်ဗျာ ၊ ခင်များတို့ လတိုင်း အဲ့လိုပဲ ထည့် ၊ ကုလားဆန့်ကျင်သူတွေ များပါတယ် ၊ အဲ့ကရတဲ့ငွေတွေက ရန်ကုန်မှာ ရှိတဲ့ ဆင်းရဲသား တစ်ရာမှာ တစ်ယောက်တော့ ဖုန်း ကိုင်နိုင်မှာပါ ။ ဘယ်လိုလဲ မျိုးချစ်ဆရာ ၊ ဆရာမကြီးတို့ ၊ အဲ့လို အလှူလုပ်ချင်ရင် အချိန်မရွေး ကျနော့ကို ဆက်သွယ်ပါ ။
အဲ့လို မလုပ်ပဲ MPT ကို ဈေးလျှော့ပေးရေးတို့ ဘာတို့ ဆန္ဒပြပွဲပဲ လုပ်မယ် ဆိုရင်တော့ အဲ့ဒိဆင်းရဲသားတွေ တစ်နေ့ လုပ်အားခ ပေးနိုင်ရင်တော့ တစ်မျိုး စဉ်းစားကြတာပေါ့ဗျာ။

No comments:
Post a Comment