ကျနော် သီချင်းတွေကို အရမ်းကြိုက်တယ် .. အရမ်းရူးသွပ်တယ် .. ကိုယ်တိုင်တော့ သိပ်မဆိုတတ်ပေမယ့် နားထောင်ရတာကို အရမ်း ကြိုက်တယ် ၊ သီချင်းမှာ နှစ်မျောစီးဝင်ရတာကို က အရမ်းမိုက်တာ ။ ကျနော်ကတော့ စိတ်ညစ်စရာဘဲ ရှိရှိ ပျော်စရာဘဲရှိရှိ သီချင်းပဲ နားထောင်တယ် ။ အခုနောက်ပိုင်း အင်္ဂလိပ် သီချင်းတွေ နားထောင်ဖြစ်တာများတယ် ၊ အခုတလော နားထောင်ဖြစ်နေတဲ့ သီချင်း လေး ငါးပုဒ် လောက်ရှိတယ် .. ကျနော် အရမ်းကြိုက်မိတဲ့ သီချင်းလေးတွေပါ ၊ တခြားလူတွေ ကြိုက်မကြိုက်တော့ မသိဘူး ၊ ဒါပေမယ့် တော်တော်များများတော့ ကောင်းတဲ့ အသံလေးတွေ ပြန်ကြားရတဲ့ သီချင်းလေးတွေပေါ့ ။ ပထမဆုံး ပြောချင်တဲ့ သီချင်းလေး က Emeli Sande ရဲ့ Clown ဆိုတဲ့ သီချင်းလေးပါ ၊ ဆိုထားတာ အရမ်းခံစားချက်ပါ ပါတယ် ၊ စ စ နားထောင်တုန်းက ဆိုရင် မျက်ရည်တောင်ဝဲမိပါတယ် ။ သူချစ်တဲ့သူ တစ်ယောက်အတွက် ကလောင်း ဖြစ်ချင်ဖြစ်နေပါစေ .. သူ အကောင်းဆုံး ကြိုးစားသွားမယ်ဆိုတဲ့ သီချင်းလေးပါ ၊ ချစ်သူပျော်ဖို့ဆို အကုန်လိုက်လျောပေးမယ် ဆိုတဲ့ အကြောင်းလေး ရေးထား ၊ ဆိုထားတာပါ ။ သံစဉ်ကော စာသားကော ၊ ဆိုဟန် ကအစ အရမ်းကြိုက်တယ် ၊ ထွက်ထားးတာလဲ မကြာသေးတော့ မရိုး မအီသေးဘဲ နားထောင်ဖြစ်နေတာပါ နောက်တစ်ပုဒ် ကတော့ lawson အဖွဲ့ ရဲ့ Standing in the Dark ဆိုတဲ့ သီချင်း ။ ဒီတစ်ပုဒ်လဲ အရမ်းကောင်းတယ် ။ သီချင်း အကြောင်းတော့ ပျင်းလို့ နောက်မှဘဲ ထပ်ရေးတော့မယ် ။
No comments:
Post a Comment