ဒီနေ့ Sule Shangrila (Traders) ဟိုတယ် ကို အမှတ်မထင်ရောက်သွားတယ်
ရုပ်ရှင်ကြည့်ဖို့ မြို့ထဲ မှာချိန်းထားတုန်း အချိန်လိုသေးတော့ အတူသွားတဲ့ အမ တွေက အဲ့မှာကော်ဖီ ဝင်သောက်မယ် ဆိုပီး ဝင်သွားမိ ပါတယ်။
ပထမ ကိတ်ကောင်တာကို သွားကြည့်တယ် .. ဘာမုန့်တွေ ကိတ်တွေရှိမလဲလို့ပေါ့ ကိတ်ကောင်တာက ကောင်မလေးက လှည့်တောင်မကြည့်ဘူး သူ့ဘာသာသူ လုပ်စရာ ရှိတာတွေ လုပ်နေတယ် ... ဝယ်စားမယ့်လူတွေလဲ မဟုတ်ပါဘူးလို့ ထင်နေလားတော့ မသိပါဘူး
ကျနော်တို့လဲ ဟိုကြည့်ဒီကြည့်နဲ့ လော်ဘီဘက်ပြန်ထွက်လာကြတယ် .... ဒီမှာ သောက်ရင် ကောင်းမလား ပါ့ဆန် က ဘာဘွန်းသွားရင်ကောင်းမလား ဆိုပြီး စဉ်းစားရင်းနဲ့ပေါ့
နောက်ဆုံးကျတော့ ဒီမှာဘဲ သောက်တော့မယ် ရုပ်ရှင်ရုံနဲ့လဲ နီးတယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ် ။
အဲ့ဒါနဲ့ လော်ဘီ ကိုသွားထိုင်ကြတယ်.... ဝိတ်တာကို လှမ်းခေါ်လိုက်တယ် ... ဝိတ်တာလေးတွေက မိန်းကလေးတွေပါ .. ခေါ်လိုက်တော့ လာတယ် ..... လာတာကို မီနူး ယူမလာဘဲနဲ့ လာတယ် ... မှာမဲ့လူတွေလဲ မဟုတ်ပါဘူး ဆိုတဲ့ မျက်နှာပေး ကိုလှမ်းတွေ့လိုက်တယ်။ အော် မီနူးတွေ က အလွယ်တကူ ယူလို့ ရလောက်တဲ့ နေရာမှာ မရှိသေးလို့နေမှာပါ ဆိုပြီး နားလည်ပေးလိုက်ပါတယ် ။
အဲ့ဒါနဲ့ ကော်ဖီမှာလို့ရလားဆိုတော့ ရတယ်တဲ့ .. အဲ့ဒိအထိ မီနူး ကို ယူမပေးသေးဘူးနော် .. မှာ ဆိုတဲ့ အပေါက်ပဲ .... ပြောလိုက်ချင်ပေမယ့် မပြောတော့ပါဘူးဆိုပြီး သောက်နေကျ ကာပူချီနို နဲ့ ပါလာတဲ့ အမ နှစ်ယောက်ကလဲ တစ်ယောက်ဆီ မှာလိုက်ပါတယ် ...
ပြီးတော့ ဟိုကိတ်ကောင်တာမှာ တွေ့ခဲ့တဲ့ ခွားဆွန့် စားချင်တယ်ဆိုပြီး ခွားဆွန့် ၃ ခု မှာလိုက်တယ်
အဲ့တော့ ကောင်မလေးက ပြန်ပြောတယ် .... ၁၀ နာရီခွဲကျော်သွားလို့တဲ့ ခွားဆွန့် မရပါဘူး တဲ့ ကွတ်ကီးဘဲ ပေးပါတယ်တဲ့ ... ပြောလိုက်တာ က ဘယ်လို အဓိပါယ်နဲ့ ပြောလဲ တော့ မသိဘူး ကျနော်တို့တွေ ကြောင်သွားတယ် .... ကျနော်တို့ က ကော်ဖီ မှာ ပြီး ခွားဆွန့် ဘဲ အလကားတောင်းစားနေသလိုလို ..... ခွားဆွန့် မရှိတာကို ဘဲ အတင်းမှာနေသလိုလို တော်တော်ကြောင်သွားတယ်
အဲ့ဒါနဲ့ ပါလာတဲ့ အမက ပိုက်ဆံနဲ့ ဝယ်စားမှာလေ .. သတ်သတ်မှာစားတာ ဆိုပြီး ပြောလိုက်တော့ အော် ဟုတ်ကဲ့ဆိုပြီး ရပါတယ် ဆိုပြီး ပြောသွားတယ် ... ထားလိုက်ပါ ... ဒါမျိုးတွေ က ဒီလိုလူမျိုးတွေ စိတ်ထဲ မှာ ရှိနေကျဆိုပြီး အေးအေးဆေးဆေးဘဲ စကားပြောနေလိုက်တယ်
အဲ့ဒါနဲ့ ကော်ဖီလာချပါတယ်.. မုန့်လဲ ပါလာတယ်ပေါ့ .... ပြီး ခဏနေတော့ ရေ လာချတယ် .. အော် ကောင်းတယ်ပေါ့ မဟုတ်ရင်တောင် ရေလှမ်းတောင်းမလို့ ဆိုပြီး သန်းခရူးတွေဘာတွေတောင် လုပ်လိုက်သေးတယ်
စကားပြောနေတာပေါ့ .... ဟိုတယ်ဆိုတော့လည်း နိုင်ငံခြားသားတွေ လာတာပေါ့
အဲ့မှာ သတိထားမိတာက လာတဲ့ နိုင်ငံခြားသားတိုင်းကို အဲ့ဒီ ဝိတ်ထရက်စ်လေးတွေဘဲ ပျာပျာသလဲ ကြိုပြီး ရောက်လာပြီး ထိုင်တာနဲ့ ရေတစ်ခွက်လာချပေးတယ် ....ပြီးတော့ မီနူးလေးတွေ ကိုင်ပြီး ရိုရို သေသေလေးတွေ အော်ဒါ ယူနေတယ်လေ .. အော် ဆားဗစ်စ် ဆိုတာ ဒါမျိုးလားဆိုပြီး အံ့သြ နေတာပေါ့ ....
ကျနော်လဲ service sector မှာ အလုပ်လုပ်ဖူးပါတယ် လူပေါင်းစုံကိုလဲ ဆားဗစ်စ် ပေးဘူးပါတယ် ... ဘယ်လူဘဲ ဖြစ်ဖြစ် ကိုယ်လုပ်စရာ ရှိတာကို လုပ်ပေးလိုက်တယ် .. ဖြူဖြူ မဲမဲ ဝါဝါ ညို ညို .. ကိုယ် ဆားဗစ်စ် ပေးရမယ့် လူ ... ကိုယ့်ဆီ လာပြီး ပိုက်ဆံပေးနေတဲ့လူ .. ပိုက်ဆံ ပေးတဲ့လူ မဟုတ်ဦးတော့ .. ကိုယ့်ဆီလာတဲ့လူကို လေးလေးစားစားဆက်ဆံပြီး ဝန်ဆောင်မှု ပေးရမှာ ကိုယ့် အလုပ်လို့ဘဲ ခံယူထားတယ်
အဲ့အကြောင်းတွေကို ပြောနေတုန်းဘဲ ....... အဲ့ ကောင်မလေးကို တွေ့လိုက်တယ် မျက်စောင်းထိုး စားပွဲ မှာ လေ တရုတ် တစ်ယောက်ကို ဒူးထောက်ပြီးတော့ စကားပြောနေတယ် . ဟိုတရုတ်က ဘာတွေပြောနေလဲ တော့ မသိဘူး ... မကြားတော့မကြားရဘူး ... မီနူးကတ်လေးကို ကြည့်ပြီးတော့ မှာနေတာဘဲ နေမှာပေါ့ ... ဒါပေမယ့် သူ ဘာလို့ ဒူးထောက်နေတာလဲ စဉ်းစားလို့ကို မရဘူး ... လော်ဘီဆိုတော့ dining table တွေမဟုတ်ဘူး .. coffee table တွေကို ကြိမ် ကုလားထိုင်တွေနဲ့ ရံထားတာပေါ့ ... သူ ဒူးထောက်လိုက်ရင် ထိုင်နေတဲ့ လူရဲ့ လက်မောင်းလောက်တော့ ရောက်သွားတာပေါ့ .... မတ်တပ်ရပ်ပြီး အော်ဒါ ယူရင် ဘာဖြစ်လို့လဲ မသိပါဘူး .. ဆားဗစ်စ်ကို လူမျိုးခြား ဆိုတော့ အပြည့် ပေးချင်တဲ့ အပြင် အပိုပါပေးနေသလား မှတ်ရတယ် ...ပြောလဲပီးသွားတော့ အဲ့တရုတ်နဲ့ လက်ဆွဲ နှုတ်ဆက်လိုက်တယ် ... ဝိတ်တာ နဲ့ ကပ်စတမ်မာ ကော်ဖီမှာတာ လက်ဆွဲ နှုတ်ဆက်စရာ လိုလို့လား ဆိုတာ တော်တော် အဖြေထုတ်လိုက်ရတယ် ... အဲ့ကောင်မလေး မျက်နှာကလဲ ပြုံးရွင်လို့ .....
တော်တော် လေးကို စိတ်ပျက်သွားတယ် .. ဒီလို စိတ်ဓါတ်မျိုးနဲ့ ဒီလို အပြုအမူတွေနဲ့ ဘယ်လိုများ အလုပ်လုပ်နေတာ လဲ လို့လဲ အံ့သြ သွားရတယ် ..
ဘာမှတော့ မပြောခဲ့လိုက်တော့ ပါဘူး ... ပြောပြန်ရင်လဲ ပြောသူ့အလွန် ဖြစ်ပြန်မယ် ........ ရွှေတွေလေ ရွှေတွေ ..... သီချင်းလေးပြန်ကြားယောင်တယ် ... ဒါ တို့ပြည် ဒါတို့မြေ တို့ ပိုင်တဲ့မြေ .........