Sunday, May 4, 2014

Learning languages with Duolingo

Duolingo ဆိုတဲ့ မိုဘိုင်း အက်ပ် လေး ကိုခုတလော သုံးဖြစ်နေပါတယ်
ဘာသာစကား လေ့လာလို့ ရတဲ့ အက်ပ် လေး တစ်ခုပါ
ပြင်သစ် ဂျာမန် စပိန် အီတလီ စတဲ့ ဘာသာစကားတွေ ကိုလေ့လာလို့ရပါတယ်
self-study ပုံစံလေး ပါ

အက်ပ် ကို တည်ဆောက်ထားပုံလေး ကလဲ တော်တော် ကို သေသေသပ်သပ် ရှိပါတယ်
လေ့လာရတာလဲ တော်တော် အဆင်ပြေပါတယ်
သူက လုံးဝ မတတ်လဲ တစ်လုံးမှ မသိလဲ စပီးလေ့လာလို့ရပါတယ်
စစချင်း အခြေခံ ကနေစလေ့လာလို့ရပါတယ်

ကျနော်ကတော့ ပြင်သစ် စာလေ့လာလက်စမို့ ပြင်သစ်ကို ဘယ်လို သင်ပေးတာလဲ လို့ အရင် လေ့လာကြည့်ပါတယ်  ။တော်တော်လေး အဆင်ပြေတယ် ။ သူပေးထားတာလေးတွေက ရိုးရိုးလေးတွေနဲ့ ကိုယ့်ဘာသာကို အားကိုးပြီး အရမ်း လဲ မခက်ပဲနဲ့ လေ့လာနိုင်အောင် လုပ်ပေးထားတယ်
ပုံလေးတွေလဲ ပါတယ် ။ စိတ်ဝင်စားဖို့လဲကောင်းတယ်
သင်ခန်းစာတွေ ပြီးရင်လဲ test လေးတွေပေးထားတယ်
ကိုယ် လေ့လာထားတာတွေကို ပြန်ပြီး စစ် လို့ရတာပေါ့

ပြီးတော့ တခြားဟာတွေထပ် ပိုသာတာက စကားပြော အသံထွက်ကိုပါ လေ့လာလို့ရတာပါ
သူ က ပထမ လေ့ကျင့်ခန်း မှာ ကိုဘဲ စာကြောင်းလေး ကို အသံထွက်ဖတ်ပြသွားတယ် ပီးရင် နောက်ကနေ လိုက်ပြောပေးရတယ် မှန်မမှန် စစ်ပေးတယ် ။ အင်တာနက် ကော်နက်ရှင်ရှိဖို့တော့ လိုတာပေါ့နော်။ ကျနော် မြန်မာပြည်က မိုဘိုင်း အင်တာနက်နဲ့ဘဲ သုံးတာပါ အဆင်ပြေပါတယ် ..နဲနဲတော့ စောင့်ရတာပေါ့

ပြင်သစ်ကို နဲနဲ လုပ်ကြည့်လိုက်တော့ ကြိုက်သွားပြီး ဂျာမန် ကို လေ့လာကြည့်မယ်ဆိုပီ လေ့လာဖြစ်သွားတယ် အဲ့ဒါလဲ အဆင်ပြေတာဘဲ .. ခုဆို ဂျာမန်လို သုံးလေးကြောင်း လောက် ပြောတတ်နေဘီ နားလည်နေဘီ .. အရမ်းကြီးလဲ မခက်ဖူး ... ကိုယ့်ဘာသာ ကို စာသင်ခန်းထဲ မှာ ဆရာ နဲ့ သင်ရင်တောင် ခက်တယ်လို့ ထင်နေဦးမှာ .. ခု က အေးဆေးဘဲ

သုံးရတာတော်တော် အဆင်ပြေပါတယ် အင်တာနက်ထဲ ရှာကြည့်တော့ အွန်လိုင်းမှာ ကွန်ပျူတာနဲ့လဲ လေ့လာ လို့ရတယ် . အန်းဒရိုက် ရော အိုင်အိုအက်စ် အတွက်ရော အက်ပ် တွေရှိတယ်
လေ့လာကြည့်ရင် အဆင်ပြေမှာပါ 

No comments:

Post a Comment