Sunday, May 11, 2014

Watching Yangon

စကော့ဈေးရှေ့က Bar Boon လို့ ခေါ်တဲ့ ကော်ဖီဆိုင်လေး မဆိုးဘူး
လက်တေး ကော ကပူချီနို ကော သောက်ခဲ့တယ် ကောင်းတယ်
အကောင်းဆုံးကတော့ ထဲရေ့မှာထိုင်ပြီး လူတွေကို ကြည့်ရတာဘဲ
လူတွေက အများကြီးလေ လူကြီး ကလေး ယောက်ျား မိန်းမ အကုန်ဘဲ ရွယ်စုံ ဘဲ
သူတို့ တွေ လှုပ်ရှားသွားလာ နေတာကို ကြည့်ရတာကို က ကျနော့ အတွက် အရသာလေ
ကော်ဖီလေးသောက်လိုက် သီချင်းလေးနားထောင်လိုက် နဲ့ ဇိမ်ဘဲ ....
တစ်ခုဘဲ ကော်ဖီဆိုင် က သီချင်းတွေကို အကျယ်ကြီးဖွင့်ထားတယ်
စင်တာ မှာ က တော့ ပရိုမိုးရှင်း တစ်ပွဲ ရှိနေတယ် စင်တာ က ဘဲ ဖွင့်တာလား ကော်ဖီဆိုင်ကဖွင့်တာလား တော့ မသိဘူး တော်တော်ကျယ်တယ် ဒီဂျေသီချင်းတွေ ဖွင့်တာကိုး
ဒါပေမယ့် ကိုယ့်ဖုန်းနဲ့ကို နားကျပ်နဲ့ အကျယ်ကြီး နားထောင်လိုက်ရင်တော့ အဆင်ပြေတယ်
ထိုင်ရတာတော်တော်ကောင်းတယ် လေလဲတိုက်တယ်
တစ်ယောက်ထဲ ထိုင်လဲ အဆင်ပြေတယ် ကိုယ့်အတွေးနဲ့ကို ဟိုကြည့်ဒီကြည့်နဲ့




No comments:

Post a Comment