Wednesday, June 25, 2014

ဂျပန်ကို ပြန်သွားချင်လိုက်တာ

            ဂျပန် ကိုသွားချင်လိုက်တာ ခုန က ဂျပန် မှာတွေ့ခဲ့တဲ့ သူငယ်ချင်းတစ်ယောက် နောက်တစ် ခေါက် ဂျပန်ကို ပြန်သွားတာ မိုက်တယ်
ပထမဆုံးအခေါက် က သူများပရိုဂရမ်နဲ့ သွားတာဆိုတော့ ကိုယ့် စိတ်ကြိုက် မလည်ခဲ့ရဘူး... တိုကျို နဲ့ အိုခီနာဝ ဘဲ ရောက်ခဲ့တယ် ။ ဒါပေမယ့် အရမ်း မိုက်တယ် ဂျပန်က လန်းတယ် .. ပီးတော့ အစားအသောက်လဲ အရမ်းကြိုက်တယ် သူများတွေကတော့ ဂျပန်စာ က ပေါ့တယ်လို့ ပြောတာဘဲ
ဒါပေမယ့် ကျွှန်တော်ကတော့ ကြိုက်တယ် တွေ့သမျှ စားရသမျှ တွေထဲ မှာ မကြိုက်တာ မရှိသေးဘူး ။ အရမ်းကောင်းတယ် ... မေလ ကုန်  ဇွန်လ သွားလို့လား မသိဘူး ရာသီဥတု က အရမ်းကောင်းတာဘဲ မအေးလွန်း မပူလွန်း နဲ့ နေလို့ ထိုင်လို့ အရမ်းကောင်းတယ်
            ပြီးတော့ ဂျပန် လူမျိုး တွေက အရမ်း ခင်ဖို့ကောင်းတယ်။ ယဉ်ကျေးတယ် ၊ သူများတွေကတော့ အဲ့ဒါ ဟန်ဆောင်တာလို့ ပြောကြတယ် . ဟန်ဆောင်တယ် ဆိုရင်တောင် ကောင်းတာကို ဟန်ဆောင်တာဘဲ လေ ၊ အရမ်း ကြိုက်တယ် ။ ဂျပန် မှာ လည်စရာ နေရာတွေလဲ အများကြီးလေ ၊ သူတို့ဆီက ပြတိုက်တွေဆိုတာကလဲ အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒို ပြတိုက် ဆိုတာလဲ ရှိတယ် တိုကျိုမှာ ... သူတို့ ရိုးရာ တွေ ယဉ်ကျေးမှုတွေ အကုန် ပြထားတယ် ၊ ကြည့်ရတာ အချိန် တောင်မလောက် ဘူး ။ ပြီးတော့ သိပ္ပံ ပြတိုက်တွေလဲ ရှိတယ် ၊ နည်းပညာ နဲ့ ပက်သက်တာတွေ အကုန် ကြည့်လို့ရတယ် စိတ်ဝင်စားဖို့ကောင်းးတယ် ။
         အိုခိနာဝါ က ဒီက ချောင်းသာ လို ငပလီလိုပေါ့ ..ကမ်းခြေ တွေ ရှိတယ် ... ရာသီဥတု က ရန်ကုန်နဲ့  သိပ်မကွာဘူး .. နေသာထိုင်သာရှိတယ် . . အိုခီနာဝါ မှာအမေရီကန် စစ်တပ်တွေ ရှိတယ်ဆိုတော့ အမေရီကန် လူမျိုးတွေ အများကြိး တွေ့ရတယ် .. ပင်လယ် က အရမ်းလှ တယ် ။ ပြီးတော့ သူတို့ ဆီမှာ ဆူနာမီတို့ လိုမျိုး လှိုင်းတွေကြီးတတ်တော့ ရေစပ် တွေမှာတြိဂံ လိုလို အက်တမ် လိုလို ကျောက်တုံးအကြိးကြီး တွေ ချထားတယ် ကျောက်ဆောင်တွေ အစားပေါ့ ... အဲ့ပေါ်တွေတက်ပီး ဓါတ်ပုံရိုက် ပင်လယ်ကြီး ကို ကြည့်ရတာ မိုက်တယ် ။
          ဂျပန် မှာ က အားလုံးသိတဲ့အတိုင်း နေရာတိုင်း အရမ်းသန့်တယ် ။ အမှိုက် လုံးဝ မရှိဘူး ။ ကြည့်လိုက်ရင် လမ်းတွေဆိုလဲ ဖြုးနေတာပဲ ... ပြိးတော့ လမ်းတွေကလဲကျယ်တယ် .. ဂျပန်မှာ စက်ဘီးတွေလဲ စီးကြတော့ လမ်းတွေက ကားတွေအပြင် စက်ဘီးတွေ အတွက်လဲ လမ်းသက်သက်ရှိတယ် ... လူတွေက စက်ဘီးစီးပီး အလုပ်သွားကြတယ် ... ရှင်းခန်းစန်း လို့ခေါ်တဲ့ နာမည်ကြီး ကျည်ဆန်ရထားတော့ မစီး ခဲ့ရဘူး .. သူတို့ပရိုဂရမ်ထဲမှာ မပါလို့လေ။ နောက်တစ်ခေါက်ရောက်ဖြစ်ရင်တော့ ရှင်းခန်းစန်း စီးပြီး သွားရတဲ့ မြို့ကို သွားးလည်မယ်
         နာရာဆိုတဲ့ မြို့လဲ သွားလည်ချင်သေးတယ် ပြီးတော့ တိုကျိုမှာ ဆိုရင် တိုကျို မျှော်စင် သွားလည်မယ် .. နာရိတာ လေဆိပ်နဲ့ တိုကျိုမြို့ ကို သွားတဲ့လမ်းမှာ ရှိတဲ့ ဒစ်စနေလန်းဒ် လဲ သွားလည်ချင်တယ်

          နောက်တစ်ခေါက်တော့ ရောက်အောင် သွားဦးမယ် .. ဂျပန် ကို ... ပျော်စရာကြီး


No comments:

Post a Comment