Thursday, June 26, 2014

ခရီးအရမ်းသွားချင်နေပါသည်

            ခရီးအရမ်းသွားချင်နေပါသည် နိုင်ငံခြားခရီး ထွက်ရရင် ကောင်းမှာဘဲ လောလောဆယ် သွားချင် နေတဲ့ နေရာတွေ အရမ်းများနေတယ် ။ စင်ကာပူသွားချင်တယ် .. သူက နီးတော့ သွားလို့ လာလို့လွယ်တယ် လေယာဉ် ခလဲ ဈေးမကြီး ဘူး ။ ပြီးတော့ သူငယ်ချင်း တစ်ချို့ လဲ အဲ့မှာ ရှိတယ် ..
ဒါမဲ့ သိပ်တော့လည်စရာ ပတ်စရာ သိပ်မရှိဘူး .. အော့ချာ့ရ် ရယ် စန်တိုဆာ ရယ်ဘဲ ရှိမှာ ယူနီဗာဆယ် စတူဒီယိုတို့ ဘာတို့ တော့ ရှိတာပေါ့ ။ သိပ်ပြီးတော့ မသွားချင်ဘူး ... တခြား လည်စရာတွေတော့ ရှိမှာပါ  သေချာတော့ မသိဘူး ... သွားရင်တော့ ခုလောလောဆယ် ဖြစ်နိုင်တဲ့ အထဲမှာပါတယ်
           ပြင်သစ်လဲ သွားချင်တယ် သွားရင် ပါရီ မကဘူး အကုန် သွားချင်တယ် ဘော်ဒို တို့ တူးလုစ် တို့ပါ သွားချင်တယ် ပြင်သစ်တောပေါ့ ပျော်စရာကြီးနေမှာ .. ပြင်သစ် စာသင်ဖူးတဲ့လူတစ်ယောက်ဆိုတော့ ပြင်သစ် ကို သွားချင်တာ အဆန်းတော့ မဟုတ်ပါဘူး ။ ပြင်သစ် နိုင်ငံရဲ့ ယဉ်ကျေးမှု တွေ သမိုင်းတွေက လဲ စိတ်ဝင်စားစရာကောင်းတယ်လေ ၊ ပြင်သစ်လူမျိုးတွေကလဲ စိတ်ဝင်စားဖို့ကောင်းတယ်
           နောက်ပြီးတော့ သွားချင်သေးတာက အိန္ဒိယ ၊ ဘာလို့လဲ ဆိုတော့ ခုတလော ကုလားကား ကြည့်ဖြစ်နေလို့ လူတွေအများကြီး ရှိတဲ့နိုင်ငံ လူဦးရေထူထပ်တဲ့နိုင်ငံ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမား လွန်းတဲ့ နိုင်ငံ ၊ ကမ္ဘာ့ အချမ်းသာဆုံး သူဌေးတွေရှိသလို ကုန်းကောက်စရာ မရှိအောင် ဆင်းရဲမွဲတေသူတွေ ရှိတဲ့နိုင်ငံ ၊ ယဉ်ကျေးမှု တွေ သမိုင်းတွေ အရှည်ကြီး ရှိတယ် ။
           သွားချင်တဲ့နေရာတွေအများကြီးဘဲ အကုန်သွားချင်တယ်

No comments:

Post a Comment