ပြီးခဲ့တဲ့ စနေနေ့ က IC show သွားကြည့်တယ် . ၂၉ ရက် ခြောက်လပိုင်းကပေါ့ ။ အရမ်း ကောင်းတယ် ။ အိုင်စီပွဲကတော့ ပထမဆုံး သွားကြည့်ဖူးတာဘဲ ။ ၅ ခွဲလောက် ကတည်း က ပွဲကျင်းပ တဲ့ ဆီ Myanmar Event Park ကိုရောက်သွားတယ် ။ လက်မှတ်ကတော့ မဝယ်ရသေးဘူး ။ လက်မှတ်တွေ က တစ်သောင်း ၊ နှစ်သောင်း ၊ သုံးသောင်းဆိုပြီးရှိတယ် ။ သူတို့ က The Best International ဆိုတဲ့ ကုမ်မဏီ က လုပ်တာ တဲ့ ..။ အဲ့ ကုမဏီက ရောင်းတဲ့ ဆေးဘူးတွေကို ဝယ်ရတယ် ။ အဲ့တာမှ လက်မှတ်တွေ ကို အလကား ပေးတာ ။ သုံးသောင်းတန် က ကြည့်ဖြစ်တယ် ။
လက်မှတ်ဝယ်ပြီးနဲနဲ စောသေးတော့ ဆိုင်တစ်ဆိုင် မှာထိုင်ကြတယ် ။ ရုံး က အမတစ်ယောက်ရယ် ၊ သူ့သူငယ်ချင်းတွေရယ် အားလုံး ပေါင်း ငါးယောက် ကြည့်ကြတာ ။ ကြာဆံကြော် စားတယ်သိပ်မကောင်းဘူး ။ ရောင်းတန်း ဘဲ ။
၇ နာရီ ထိုးခါနီးတော့ ရုံထဲဝင်ကြတယ်။ မိုးရာသီဆိုတော့ ရှိုးပွဲက ရုံထဲမှာ လုပ်တာ ။ ဝင်နေတာ တန်းစီတုန်း ဘဲ ရှိသေးတယ်။ မိုးတွေရွာလာတယ် ။ လူတွေကလဲ တိုးနေတယ် ။ အထဲရောက်တော့ နဲနဲတော့ စိုသွားတယ် ။ အများကြီးတော့ မဟုတ်ဘူး ။ အဲ့ဒါ နဲ့ ခုံရှာပြီး ထိုင်ကြတယ် ။ ဒုတိယ တန်းလောက်မှာ ရတယ် ... ရှေ့မှာ တော့  VIP သုံးတန်းတော့ ရှိသေးတယ် အဲ့တော့ စင်ကနေ ရေရင် ငါးတန်းမြောက်ပေါ့ ။ အိုင်စီ သီချင်းတွေ ဖွင့်ထားတယ် ။ နားထောင်လို့ကောင်းတယ် ။
၇ နာရီ ခွဲကျော်လောက်မှ စဖြစ်တယ် ။ ရှိုးက အငဲ အရင် ဆိုတယ် .. ကောင်းပါတယ် ။ ဘာသီချင်းတွေ ဆိုလဲတော့ မသိဘူး ။ ခေါင်းစဉ်တွေမှ မသိတာ . ကောင်းတော့ ကောင်းတယ် ။ အငဲပြီးတော့ ဝိုင်းဝိုင်း တက်လာတယ် .. သူလဲ သုံးပုဒ်လောက် ဆိုတယ်။ ပြီးတော့ မျိုးကြီး ပြီးမှ လေးဖြူ ။
တစ်ယောက်ကို သုံးပုဒ်ဆီလောက် ဆိုပြီးတော့ ပထမပိုင်းပြီးသွားတယ် ။
စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတာ က ပွဲအစလောက်မှာဘဲ အလယ်လျှောက်လမ်းမှာ လူသုံးလေးယောက်လောက် လာရပ်ပြီးကြည့်နေတယ် ။ အကုန် လုံး က ခုံတွေနဲ့ ထိုင်ကြည့်နေတာဆိုတော့ သူတို့ က အရှေ့ အလယ်ခေါင်မှာ ရပ်နေတော့ နောက်ကလူတွေက ဘယ်မြင်ရတော့ မလဲ ။ လုံခြုံရေးတွေလာပြောတော့လဲ ဒီတိုင်းနေနေတယ် ။ မဖယ်ပေးဘူး ။ မချေမငံ ပြန်ပြောနေတယ် ။ ဘယ်လိုလူတွေလဲတော့ မသိဘူး
ဒီကြားထဲ လက်မှတ်အလကား ရလို့ လာကြည့်တာလား ၊ သားသမီး ကြည့်ချင်တယ်ဆိုလို့ လိုက်လာပေးတာလား မသိဘူး .. အဒေါ်ကြီး နှစ်ယောက် က အိပ်ပျော်လို့ ဆူညံပွက်လော ရိုက်နေတဲ့ ကြားမှာ အိပ်တယ် ... ။
ဘာပဲဖြစ်ဖြစ် ကြည့်လိုက်ရတာတော့ တန်ပါတယ် ။

No comments:
Post a Comment