Monday, March 9, 2015

စိတ်ပေါက်လို့ရေးတဲ့စာ

မသေမချင်း မှတ်ထား

မှန်တယ် မှားတယ် ဆိုတာ မပြောခင် ကိုယ့်ဘာသာ ကို အရင်မေးလိုက် ငါ ဘာလို့ လုပ်နေတာလဲ ဆိုတာကို
သူများယောင်လို့ လိုက်ယောင်တာလား
သူများ မြောက်ပေးလို့ လုပ်တာလား
သူများ ခြိမ်းခြောက်လို့ လုပ်တာလား
အပျော် လုပ်တာလား ပေါ်ပင် လိုက်လုပ်တာလား
နာမည် ကြီးချင်လို့လား
တကယ် နားလည်လို့လား
ဆွယ်တရားတွေ နောက် မျောပါနေတာလား
ငါ တကယ်ရော လုပ်ချင်ရဲ့လား စိတ်ရော ကိုယ်ပါ အရမ်းကို လုပ်ချင်နေတာလား
ဘာလို့ လုပ်ချင်တာလဲ
ပြီးရင် နောက်ဆက်တွဲတွေကို တွေး
ငါ ဒါလုပ်လို့ ဘာဖြစ်လာမှာလဲ ဘာဖြစ်သွားမှာလဲ
ငါ့ ပတ်ဝန်းကျင် က လူတွေ ဘာဖြစ်သွားမှာလဲ
ငါ ဒါ မလုပ်ရင်ရော
ဘာလို့လဲ ဆိုတဲ့ မေးခွန်းကို အရင်မေး - ဘုရားပြောခဲ့တယ် ဆိုတာတောင်
ဆယ်ခါ ပြန်စဉ်းစား ပြန်သုံးသပ် တော်ရုံတန်ရုံ ကိစ္စ သိပ်မလုပ်ဖြစ်တော့ဘူး
ဆရာကြီးလုပ်တယ်ထင်လဲ မတတ်နိုင်ဘူး .. မြင်ရတွေ့ရတာ စိတ်မချမ်းသာဘူး

No comments:

Post a Comment