မန်းလေး
ဗမာ မင်းဆက်တွေ နေခဲ့တဲ့မြို့ သာယာ လှပ စည်ကားခဲ့ပါတယ် ဆိုတဲ့မြို့
global warming ဆိုတာ ကို နဖူးတွေ့ ဒူးတွေ့ နားလည်သွားခဲ့တယ်
အပြင် လုံးဝ ထွက်လို့ မရအောင် ပူနေတဲ့မြို့
လွန်ခဲ့တဲ့ လေးငါးနှစ်က ရောက်တုန်း က နေ့ခင်း ၁၂ နာရီ လောက် လမ်းလျှောက်လဲ အဆင်ပြေသေးတဲ့ မြို့ က အခုတော့ မနက် ရှစ်နာရီ ကို ထီးနဲ့ အပြင် ထွက်တာတောင် မခံနိုင်တော့တဲ့ အခြေအနေ ဖြစ်နေပြီ
တရုတ်မြို့ကြီး ဖြစ်နေပြီ ဆိုလို့ စူးစမ်းကြည့်မိတော့ ဗမာတွေ တွေ့ပါတယ် အများကြီးပါ
ရေသန့်ဘူး ထမ်းတာကြည့်မလား
စားပွဲထိုး လုပ်နေတာ ကြည့်မလား
အုတ်သယ်နေတာကြည့်မလား
ဆိုင်ကယ်လေးတွေနဲ့ ဟိုဒီ သွားနေတာကြည့်မလား အများကြီးပဲ
တရုတ်ဆိုလို့ လမ်းမှာ တွေ့ရပေါင်
အေးနေတဲ့ ဟိုတယ်တွေ စားသောက်ဆိုင်တွေ ထဲမှာ ပဲ တရုတ်တွေ နေနိုင်ရှာတယ် သနားဈာလေးတွေ
မန်းလေး မန်းလေး နန်းကြီးသုပ် မစားခဲ့ဘူး နန်းဖတ်က အရမ်းကြီး နေလို့

No comments:
Post a Comment