သေတာသေလိုက်ချင်တော့တယ်
wef မှာ ပြောသွားတဲ့ tourism အကြောင်းမှာ golden rock ကို အောက်က
စာတန်းထိုး သွားတာ ရွှေရောင်တောင်တန်းများတဲ့ နှစ်ခါတောင် အဲ့တိုင်း
ဘာသာပြန်သွားတယ် ကြညိ့မိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်ပါတယ်ကွယ် အော်
mntv ရယ် လို့ဘဲ ဟစ်ကာသာ အော်လိုက်ချင်တယ်
- Khin Myanmar, Trisa Moe, Khin Thet Win and 7 others like this.
- Maw Maw Tun lol ဘယ်လို ဘာသာပြန်လဲဟ။ Golden Rock ဆိုရင် ကျိုက်ထီးရိုးဘုရားကို ဆိုလိုမှန်းတောင် မသိဘူးလား။
- Myat Mon Mon Htwe sky net မို့ ၀င်ပြောတာလား .. for comedy က လာတဲ့ ဇာတ်ကားတစ်ခုမှာ I am your guardian! လို့ အော်လိုက်တာ အောက်က စာတန်းထိုးက ငါက နင့်ရဲ့ ကျောင်းစောင့် တဲ့ .. ကဲ ဘိုလုပ်ကြမဒုန်း??
- Zin Yaw Lwin ဟုတ်တယ် မစိမ်းရေ ကျနော်ပိုပီး အံ့သြတာက အဲ့လောက် ရုပ်ဆိုးတာကြီး ကို ပြန်ပြင်ပေးဖို့ အယ်ဒီတာတွေ ဘာတွေ မရှိကြ မထားကြဘူးလား ဆိုတာဘဲ တိုက်ရိုက်ထုတ်လွှင့်နေတာလဲ မဟုတ် ဒီတိုင်းကြီး လွှတ်လိုက်တာကြီးကတော့ ပစ်စလက်ခက် နိုင်လွန်းပါတယ်ဗျာ mntv တစ်ခုလုံးကြီးမှာ အာ့လောက်လေးတောင် သိတဲ့ လူ တစ်ယောက် မှ မရှိဘူး ဆိုတာ အံ့သြလို့ မဆုံးဘူး ဆိုတဲ့ အတွေး မတွေးမိအောင် လုပ်နေရတယ် ဂရုမစိုက် တာလို့ပဲ လျှော့ တွေးလိုက်တော့တယ်
- Zin Yaw Lwin ရွှေရောင်ကျောက်တုံးဆိုရင်တောင် တော်သေးတယ် လေ အခုဟာ က ရွှေရောင်တောင်တန်းများဆိုတော့ ကျိုက်ထီးရိုးသွားပီးတော့တာ တောင်တက်တောင်ဆင်း ဆယ်ခါလုပိပီး သေလိုက်ချင်တော့တယ်
- Aye Myat Naing Aung Oh My Goodness!!! ဇင်ရော်ရေ...ဒီတစ်ခေါက်ငါပြန်လာရင် ရွှေရောင်တောင်တန်း ကြီးသွားထပ်ဖူး ရအောင်ဟာ...အော်အော် ပြီးသာ ငိုလိုက်ချင်တယ်...ယူကြုံးမရ ဖြစ်လွန်းလို့!!!
- Zin Yaw Lwin အဲ့ဒါတောင် ငါ အင်တာဗျူးလုပ်တဲ့ လူအကြောင်းထည့်မပြောသေးဘူးနော် ...... အရမ်း အရမ်း စိတ်ကုန်ဖို့ စိတ်ပျက်ဖို့ ကောင်းတယ် ..... ယူကြုံးမရဖြစ်တာတော့ ပြောမနေနဲ့တော့ .......
- Zin Yaw Lwin သူတို့ မပြန်ခင် အရင် ပြန်ကြည့်ပေးမယ် လာလေရော့ ...... ယူချင်ယူ ခွဲချင်ခွဲ ...... သူတို့ ခြေရာ မီပါတယ်နော် အဟက် အဟက်
- Zin Yaw Lwin အာ့ထက်ကောင်းအောင် ကြိုးစားကြည့်ပါလေ ..... ထိုအရာကို ယူ သို့တည်းမဟုတ် ထိုအရာကို ချိုး ... ဟီးးး
- Myat Mon Mon Htwe ဟိုနေ့က ၀ါး အီကော်နောမစ်ဖိုရမ် ကြီး အောင်မြင်စွာပီးသွားတယ်နော်.. အဲသလိုကို ဘုရားစူး ပြောသွားတာ
- Myat Mon Mon Htwe ဒီနေ့ သူများအတင်းတွေ ပြောတာ အရမ်းများသွားပြီ .. ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် အစီအစဉ်များကို တင်ဆက်နိုင်မည့် အစီအစဉ်မှူးများ အလိုရှိသည်တဲ့ မတော်တဆ အတင်းခေါ်ခန့်နေရင် ၀ဋ်လည်နေဦးမယ်.. အိပ်တော့မယ်..
- Zin Yaw Lwin ပြောကို မပြောချင်တော့ပါဘူး .... ပြောလဲ ပြောတဲ့လူတွေ မောပြီး သေသွားမယ် ... သူတို့ ကတော့ နေသာသပ လေညာက ပဲ .... အချိန်တန် လခ ရမှာလေ ..... မှားတာ မှန်တာ မသိဘူး .... ပြောချင်တာ ပြောမယ် ...ဘာသာကို ပြန်ချင်သလို ပြန်မယ် .... ဂရုကို စိုက်တဲ့ ဟာတွေ မှမဟုတ်တာ ...ပြောင် ပြောင်ဘဲ .....
- Zin Yaw Lwin အယ် မလုပ်ပါနဲ့ ..... တော်ကြာ ပြင်သစ် ကနေ မြန်မာပြန်နေရင် ဒီပုံနဲ့ သာ ဆိုရင်တော့ ငါးပါးတင် မက ဆယ့်ငါးပါးလောက်မှောက်သွားဦးမယ်
- Zin Yaw Lwin ဟိ ဟိ တိုးတိုးပြောဟ ... သူများတွေ သိကုန်မယ် ... သူများတကာ ကို မှိုချိုးမျစ်ချိုးပြောထားတာလေ ...ဟိ