Sometimes thoughts are precious , you need to catch them at the right time and make it re readable all the time
Sunday, June 2, 2013
ကျနော့ စနေနေ့
မနက်ဖြန်
စနေ ရုံးတက်ရဦးမယ် .... စိတ်ညစ်တယ်ရယ် ပျော်တယ်ရယ်လို့လဲ မဟုတ်ပေမယ့်
တက်ချင်လား ဆိုတော့ မတက်ချင်တော့ဘူး ... တင်္နလာနေ့ ကနေ သောကြာနေ့ထိ
အလုပ်ပါးတယ်ဆိုပေမယ့်လဲ သူ့အတိုင်းအတာနဲ့သူ အလုပ်ရှုပ်တာရော
အရှုပ်လုပ်တာတွေရောနဲ့ လူကလုံးဝနားလိုက်ချင်ပြီ။ စနေနေ့ဆိုရင်
နေ့တစ်ဝက်ဆိုတော့ အလုပ်ကလဲ ဖြစ်ဖြစ်မြောက်မြောက် မပြီး ၊ ဘာလဲ ဆိုတော့လဲ
ဘာမှ မဟုတ် ၊ ကိုးနာရီ မတ်တင်းလောက် ရုံးရောက်ရင် ကော်ဖီ ဖျော်သလိုလို ဘာလိုလို
၊ အိပ်ရာမနိုးသေးသလိုလို ၊ မျက်လုံး မပွင့်သေးလိုလို တွေနဲ့ ဘွန်ရူးကြ ၊
ဂွတ်မောနင်းကြ ၊ ပြောချင်တာတွေ ပြောလိုက်ကြ နဲ့ ဆယ်နာရီ ထိုးသွားရော
ဟိုလုပ် ဒီလုပ်နဲ့ ၊ ဟို မေးလ် ဘဲ စစ်သလိုလို ၊ ဒီ မေးလ်လေးဘဲ
ပြန်သလိုလိုနဲ့ ဆယ်ခွဲလောက်ဆို စားကြမယ် သောက်ကြမယ် ဇာတ်လမ်းက စပြီ ၊
သူ့ရှိ ကိုယ်စား ၊ ကိုယ့်ရှိ ဖွက်ထား နဲ့ .... pantry ထဲနဲ့ toilet ထဲ မှာ
ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်ပြီးတာနဲ့ ဆယ့်တစ် ဆယ့်ငါး လောက်ဆို
အထုပ်သိမ်းသလိုလို ကွန်ပျူတာပိတ်သလိုလိုနဲ့ လုပ်လက်စ အလုပ်ကလေးတွေ
လက်စသတ်သလိုလိုနဲ့ တစ်ကယ်က ပြန်ဖို့ ဆိုင်းပြင်းနေတာ ........
ဆယ်နှစ်ထိုးဖို့ ဆယ့်ငါးလောက်ဆို ရယ်ဒီ ဖြစ်နေဘီ ... အဲ့ အချိန်မှာ
လာခိုင်းလို့ကတော့ ရန်သူပဲ။ နာရီ ကို မျက်တောင်မခတ် ကြည့်ပြီး
ဆယ့်နှစ်ထိုးဖို့ ဆယ်မိနစ်ဆိုရင် လာထား shut down ဘဲ ၊ ကြာလို့ start shut
down တွေဘာတွေကို မောက်နဲ့ လုပ်မနေတော့ဘူး ... alt+F4 ကို သုံးချက်လောက်
enter ကို နှစ်ချက်လောက် ဗျောင်းဗျောင်းနဲ့ လက်နှိပ်စက်ရိုက်သလို
ရိုက်ပစ်လိုက်တယ် .... အဲ့ဒါမှ ပိတ်ရင် ပိတ် ၊ မပိတ်ရင် UPS ကို ခြေမနဲ့
သုံးလေးငါး စက္ကန့်လောက်ဘဲ ဖိထားလိုက်တယ် .... မပိတ်လို့မရတော့တော့
ကွန်ပျူတာလေးခမျာမယ် တီတီ တောင် မအော်နိုင်ဘူး ပိတ်သွားရှာတယ် .....
အဲ့ဒါဘဲ တွေ့ကရာလူကို အာ လန်ဒီ ပြော ဘိုင်ဘိုင် ပြောနဲ့ ဓါတ်လှေကား
အရောက်ပြေးသွား ၊ ပြီးတာနဲ့ ဓါတ်လှေကား စောင့်ရင်း ကြုံတဲ့လူနဲ့ အာလူးဖုတ်
... ဓါတ်လှေကားလာရင် လုတက် ၊ အာလူးဖုတ်မပျက်ဘဲ လုတက် ၊ ရုံးအပြင်ရောက်တာနဲ့
ရုပ်ကလန်းဆန်း တက်ကြွ သွား .... နေပူကျဲတဲ ထဲ အိမ်ပြန်စရာရှိပြန်
သွားစရာရှိသွားနဲ့ စနေနေ့တစ်ဝက် ကုန်သွားပါရောလား .......
Labels:
Burmese
Subscribe to:
Post Comments (Atom)
No comments:
Post a Comment