Sunday, June 2, 2013

ဒီနေ့ (၀၂၀၆၁၃) လုပ်ဖြစ်တာလေးတွေ

          ဒီနေ့ တနင်္ဂနွေ နေ့ ရုံးပိတ်တယ်။ အဲ့တော့ အိပ်ရာလဲ စောစောထစရာမလိုတာ့ ၉ နာရီထိုးခါနီးမှ အိပ်ရာ ထဖြစ်တယ် ။ ထုံးစံအတိုင်း နိုးနေပေမယ့် အိပ်ရာထဲကမထသေးပဲ ဖေ့စ်ဘွတ်ခ် ကို ဖုန်းနဲ့ ဝင်ကြည့်လိုက်တယ်။ ပြီးမှ အိပ်ရာထ မျက်နှာသစ်ပြီး မနက်စာ ထမင်းကြော်နဲ့ လက်ဖက်ရည် သောက်ပြီး ဖွဘုတ်ကို လက်ပ်ထော့ပ် နဲ့ သေချာ ကြည့်ဖြစ်တယ် ၊ ဖွဘုတ်ထဲ မှာ reply လုပ်စရာ like comment လုပ်စရာ ရှိတာ လုပ်နေတုန်း ငယ်သူငယ်ချင်း တွေဆီ က ဖုန်းလာတာ့နဲ့ အင်တာနက် သုံးတာ ရပ်သွားတယ် ၊ သူငယ်ချင်းတွေက ရုပ်ရှင်သွားကြည့်ရအောင်တဲ့ ဘာကားလဲ ဆိုတော့ Pee Mek တဲ့ ၊ ကျနော် ၂ ခါတောင်ကြည့်ပြီးသား ကားကြီးလေ ၊ ပထမတော့ မကြည့်တော့ဘူးလို့ ငြင်းလိုက်သေးတယ် ၊ နောက်တော့လဲ အတင်းခေါ်နေတာက တစ်ကြောင်း အပြင်ထွက်ချင်တာက တစ်ကြောင်း ပြီးတော့ ညနေ လေးနာရီမှာ ပြင်သစ် ကျူရှင်ရှိနေတော့လဲ ထွက်ရမယ့် အတူတူ ထွက်မယ်ဆိုပြီး လာမယ်လို့ ပြောလိုက်တယ်။
          ဒဂုံစင်တာ ၂ကို ကျနော်ရောက်သွားတော့ စောနေတာနဲ့ အခွေဆိုင် ဝင်မွှေလိုက်သေးတယ် ၊ Pantatonix အခွေတွေ့တာနဲ့ ဝယ်လိုက်သေးတယ် လက်မှတ်ရောင်းကောင်တာ ရောက်တော့ ကျနော် ကံကောင်းတာလား ၊ သူတို့ ကံဆိုးတာလား မသိဘူး လက်မှတ် တစ်စောင်မှ မရှိတော့ဘူးတဲ့၊ အဲ့ရောက်တော့ ၁၂ ထိုးနေပြီလေ အဲ့ဒါနဲ့ နေ့လည်စာလဲ မစားရသေးတာနဲ့ မြေနီကုန်းက ဆိုင်တစ်ဆိုင်မှာ ထိုင်လိုက်ကြရော ၊ ကြေးအိုး ဆီချက်တစ်ပွဲနဲ့ နို့လက်ဖက်စမ်းတီး တစ်ခွက်ဆွဲလိုက်တယ် ... နို့လက်ဖက်စိမ်းတီး က တော့ တော်တော်ကောင်းတယ် အရမ်းကြိုက်သွားတယ် ။ ကြေးအိုးကတော့ ခပ်ချာချာပဲ ။ ကုန်အောင်တောင် မစားခဲ့တော့ဘူး ၊ ကိုးထောင်လောက် ထွက်သွားတယ် ကျနော်ပဲ ကျွှေးလိုက်ပါတယ်။ စားသောက်ပြီးတော့ အချိန်ရှိသေးတာနဲ့ ဘာလုပ်ကြမလဲ ဆိုတော့ ပိန်းတိန်းတိန်းလေးတွေက ပြည့်သူရင်ပြင် ဒီဘက်က Happy Zone ကို သွားမယ်တဲ့ သရဲ ရထားသွားစီးမယ်တဲ့ သွားမယ်လုပ်တုန်း မိုးရွာလာလို့ဒဂုံစင်တာထဲ ဝင်ပြီး မိုးခို လိုက်ရသေးတယ် ၊ ပြင်သစ်ကျောင်းက အသိတစ်ယောက်လဲ သွားတွေ့သေးတယ် ၁၅ မိနစ်လောက်နေတော့ မိုးတိတ်သွားလို့ ပြန်ထွက်လာပြီး Happy Zone ကို ဒိုးကြပြန်ရော။ သရဲရထားတဲ့ တစ်ခါမှ မစီးဖူးဘူး ။ ဘာများကောင်းလဲလို့ စီးကြည့်တာ နောင်တတောင်ရသွားတယ် အထဲမှာ ဟီးဟီး ဟားဟားအော်ပြီး အရုပ်ကြီးတွေနဲ့ ဘာတွေမှန်းကို မသိဘူး စိတ်ညစ်တယ် ၃ ၄ မိနစ်လောက် လဲ ပြီးရော ပြန်ထွက်လာတယ်၊ အထဲမှာလဲ ပူပြီးအိုက်နေတာပဲ ၊ အဲ့ဒါနဲ့ ပူတယ်ဆိုပြီး ဒဂုံစင်တာ ၂ ဖက် ပြန်လှည့်ပြီး so good မှာ ကော်ဖီအေး ဝယ်ပြီး သောက်လိုက်ကြသေးတယ် ။ ၃ ခွဲလောက်လဲ ရှိပြီဆိုတော့ သူငယ်ချင်းတွေကို ဘိုင်ဘိုင်လုပ်ပြီးထွက်ခဲ့တယ်။
          ပြီးမှ ကျုရှင်ရှိတဲ့ တက္ကသိုလ် ရိပ်သာလမ်းဘက် ထွက်လာခဲ့တယ် ၊ ကျူရှင် မှာထုံးစံအတိုင်း မုန့်တွေစားလိုက် စာသင်လိုက် လုပ်ပြီး အိမ်ပြန်ရောက်ခဲ့တယ် ဆိုပါတော့၊ ညစာတော့ မစားတော့ဘူး ။ အွန်လိုင်းတက်မွှေတယ် ပြီးတော့ အခု ဘလော့လေးရေးတယ် ၊ မနက် အလုပ်သွားရမှာဆိုတော့ စောစော အိပ်မယ်လို့ စဉ်းစားထားတယ် ။ Good Night !!

No comments:

Post a Comment