ဟိ ဟိ
... မြန်မာနိုင်ငံ က စရိတ်နည်းလေကြောင်းလိုင်းတစ်ခု က ကြော်ငြာ ဆောင်းပါး
တစ်ခု အခုပဲ ဖတ်လို့ ပြီးသွားတယ် ရယ်ချင်လိုက်တာ .... ရန်ကုန် -
ဘန်ကောက်လေး သွားတာကို ရေးထားလိုက်တာများ စုံစိနေတာဘဲ .... ထမင်းတွေ
ဘာတွေတောင် လေယာဉ် ပေါ်မှာ မှာစားတယ် ဆိုဘဲ ... စားပြီးသောက်ပြီး တော့
တစ်ရေးတစ်မော တောင် အိပ်ပျော်သွားတယ်တဲ့ နိုးလာတော့ ဘန်ကောက်ရောက်ပြီ တဲ့
ဟီးးး ရန်ကုန် ဘန်ကောက် က အာ့လောက် ဟာတွေ လုပ်လို့ ရအောင် ကြာတယ်လား
.... တမင် ဖြည်းဖြည်းမောင်းတာထင်တယ် ... ကြာကြာစီးရအောင် ... တီဂျီ
နဲ့သွားတာတော့ လေယာဉ် စထွက်တာ နဲ့ လေယာဉ်မောင် မယ်တွေက ရွတ် ခနဲ ရွတ်ခနဲ
နေအောင် ပြေးလွှားပြီးတော့ အလျင်မီအောင် မနည်း ပြေးနေရတာ ... ထမင်းဘူးတွေ
လိုက်ဝေ ..ပြီးတာနဲ့ ချက်ချင်း ကော်ဖီ တီး လိုက်ဝေ နဲ့ ..မကြာဘူး ...
အခွံတွေ လိုက်သိမ်း နဲ့ ..... စားပြီး လို့ ဘာမှတောင် မကြာဘူး ..
သီချင်းနားထောင်ရင် သုံးပုဒ်လောက်နဲ့ ဘန်ကောက် ရောက်သွားတာကို .....
တူရို့ က အေးအေးဆေးဆေး ထမင်းတွေဘာတွေတောင် မှာစားပီး တရေးတောင်
အိပ်လို့ရတာဆိုပဲ .... ရန်ကုန် ဘန်ကောက်ကို တည့်တည့် မသွားပဲ ... အမေရိကား
ကနေ ပတ်သွားတာထင်တယ် ....သွားတော့ စီးကြည့်ဦးမှဘဲ ... လိုက်ကြဦးမလား
ရန်ကုန် ဘန်ကောက် ကို လေယာဉ် အဝစီးရအောင် .....
No comments:
Post a Comment