Saturday, June 15, 2013

သတိထားနော်

သေတာသေလိုက်ချင်တော့တယ် wef မှာ ပြောသွားတဲ့ tourism အကြောင်းမှာ golden rock ကို အောက်က စာတန်းထိုး သွားတာ ရွှေရောင်တောင်တန်းများတဲ့ နှစ်ခါတောင် အဲ့တိုင်း ဘာသာပြန်သွားတယ် ကြညိ့မိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်ပါတယ်ကွယ် အော် mntv ရယ် လို့ဘဲ ဟစ်ကာသာ အော်လိုက်ချင်တယ်
Like · ·
  • Maw Maw Tun lol ဘယ်လို ဘာသာပြန်လဲဟ။ Golden Rock ဆိုရင် ကျိုက်ထီးရိုးဘုရားကို ဆိုလိုမှန်းတောင် မသိဘူးလား။
  • Myat Mon Mon Htwe sky net မို့ ၀င်ပြောတာလား .. for comedy က လာတဲ့ ဇာတ်ကားတစ်ခုမှာ I am your guardian! လို့ အော်လိုက်တာ အောက်က စာတန်းထိုးက ငါက နင့်ရဲ့ ကျောင်းစောင့် တဲ့ .. ကဲ ဘိုလုပ်ကြမဒုန်း??
  • Zin Yaw Lwin မတတ်တာလား မလေ့လာတာလား ဂရုမစိုက်တာလားဆိုတာတော့ သူတို့ပဲသိမယ် ထင်ပ
  • Kyi Kyi Seinn လန်ထွက်တယ်..ညံ့ချက်ရယ်
  • Panwai Paing ဧည့်သည်က အဲဒါကြည့်ပီး ရွှေရောင်ကျောက်တုံးဆီသွားချင်တယ်ဆိုဒွတ်ခ
  • Zin Yaw Lwin ဟုတ်တယ် မစိမ်းရေ ကျနော်ပိုပီး အံ့သြတာက အဲ့လောက် ရုပ်ဆိုးတာကြီး ကို ပြန်ပြင်ပေးဖို့ အယ်ဒီတာတွေ ဘာတွေ မရှိကြ မထားကြဘူးလား ဆိုတာဘဲ တိုက်ရိုက်ထုတ်လွှင့်နေတာလဲ မဟုတ် ဒီတိုင်းကြီး လွှတ်လိုက်တာကြီးကတော့ ပစ်စလက်ခက် နိုင်လွန်းပါတယ်ဗျာ mntv တစ်ခုလုံးကြီးမှာ အာ့လောက်လေးတောင် သိတဲ့ လူ တစ်ယောက် မှ မရှိဘူး ဆိုတာ အံ့သြလို့ မဆုံးဘူး ဆိုတဲ့ အတွေး မတွေးမိအောင် လုပ်နေရတယ် ဂရုမစိုက် တာလို့ပဲ လျှော့ တွေးလိုက်တော့တယ်
  • Zin Yaw Lwin ရွှေရောင်ကျောက်တုံးဆိုရင်တောင် တော်သေးတယ် လေ အခုဟာ က ရွှေရောင်တောင်တန်းများဆိုတော့ ကျိုက်ထီးရိုးသွားပီးတော့တာ တောင်တက်တောင်ဆင်း ဆယ်ခါလုပိပီး သေလိုက်ချင်တော့တယ်
  • Panwai Paing နောက်လကျိုက်ထီးရိုးတော့သွားမယ်ဆို ရကွက်ဇ် မလုပ်နဲ့နော်ဟ:P
  • Aye Myat Naing Aung Oh My Goodness!!! ဇင်ရော်ရေ...ဒီတစ်ခေါက်ငါပြန်လာရင် ရွှေရောင်တောင်တန်း ကြီးသွားထပ်ဖူး ရအောင်ဟာ...အော်အော် ပြီးသာ ငိုလိုက်ချင်တယ်...ယူကြုံးမရ ဖြစ်လွန်းလို့!!!
  • Zin Yaw Lwin အဲ့ဒါတောင် ငါ အင်တာဗျူးလုပ်တဲ့ လူအကြောင်းထည့်မပြောသေးဘူးနော် ...... အရမ်း အရမ်း စိတ်ကုန်ဖို့ စိတ်ပျက်ဖို့ ကောင်းတယ် ..... ယူကြုံးမရဖြစ်တာတော့ ပြောမနေနဲ့တော့ .......
  • Myat Mon Mon Htwe take it or break it ဆိုတာ ကို ဘာသာပြန်ခိုင်းကြည့်ချင်တယ်..:}
  • Zin Yaw Lwin သူတို့ မပြန်ခင် အရင် ပြန်ကြည့်ပေးမယ် လာလေရော့ ...... ယူချင်ယူ ခွဲချင်ခွဲ ...... သူတို့ ခြေရာ မီပါတယ်နော် အဟက် အဟက်
  • Myat Mon Mon Htwe ယူမလား ချိုးမလား အဟိ မှန်တယ်ဟုတ်
  • Zin Yaw Lwin အာ့ထက်ကောင်းအောင် ကြိုးစားကြည့်ပါလေ ..... ထိုအရာကို ယူ သို့တည်းမဟုတ် ထိုအရာကို ချိုး ... ဟီးးး
  • Myat Mon Mon Htwe ဟိုနေ့က ၀ါး အီကော်နောမစ်ဖိုရမ် ကြီး အောင်မြင်စွာပီးသွားတယ်နော်.. အဲသလိုကို ဘုရားစူး ပြောသွားတာ
  • Myat Mon Mon Htwe ဒီနေ့ သူများအတင်းတွေ ပြောတာ အရမ်းများသွားပြီ .. ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် အစီအစဉ်များကို တင်ဆက်နိုင်မည့် အစီအစဉ်မှူးများ အလိုရှိသည်တဲ့ မတော်တဆ အတင်းခေါ်ခန့်နေရင် ၀ဋ်လည်နေဦးမယ်.. အိပ်တော့မယ်..
  • Zin Yaw Lwin ပြောကို မပြောချင်တော့ပါဘူး .... ပြောလဲ ပြောတဲ့လူတွေ မောပြီး သေသွားမယ် ... သူတို့ ကတော့ နေသာသပ လေညာက ပဲ .... အချိန်တန် လခ ရမှာလေ ..... မှားတာ မှန်တာ မသိဘူး .... ပြောချင်တာ ပြောမယ် ...ဘာသာကို ပြန်ချင်သလို ပြန်မယ် .... ဂရုကို စိုက်တဲ့ ဟာတွေ မှမဟုတ်တာ ...ပြောင် ပြောင်ဘဲ .....
  • Aye Myat Naing Aung ဒ လို လူမျိုးတွေ ငါတို့ AF မှာ A1 တက်တုန်းက တွေ့ရမှာ....တော်တော်ပွဲဖြစ်မှာ...
  • Zin Yaw Lwin အယ် မလုပ်ပါနဲ့ ..... တော်ကြာ ပြင်သစ် ကနေ မြန်မာပြန်နေရင် ဒီပုံနဲ့ သာ ဆိုရင်တော့ ငါးပါးတင် မက ဆယ့်ငါးပါးလောက်မှောက်သွားဦးမယ်
  • Aye Myat Naing Aung ပြင်သစ်စာက ငါတို့ အဖွဲ့ နဲ့တင်လုံလောက်ပြီ...ဟုတ်လား.. hahahaa
  • Zin Yaw Lwin ဟိ ဟိ တိုးတိုးပြောဟ ... သူများတွေ သိကုန်မယ် ... သူများတကာ ကို မှိုချိုးမျစ်ချိုးပြောထားတာလေ ...ဟိ

So so touchy post on my wall from a very good friend of mine

ချစ်လှစွာသော သူငယ်ချင်း..ဇင်ယော်လွင် Zin Yaw Lwin သို့/

ဘာရယ်မဟုတ်ဘူး သတိရလို့ပါ...နင်နဲ့ငါနဲ့လည်းအမှတ်တရတွေကများသား...
ပြင်သစ်ကျောင်းစ တက်တော့ပထမ ဆုံး စ ပြီးခင်တဲ့ Classmateက နင်.....
ငါကျောင်းတက်နောက်ကျလို့ နင့်ဆီက A B C D ပြန်ကူးရေးခဲ့ရတယ်.....
ကျောင်းကအပြန် ၁၇၄ Bus ကားကို ယာဉ်စီးခ တစ်ယောက်တစ်လှည့်ပေးကြပြီးအိမ်ပြန်ကြတယ်... အရေးထဲငါက "စက်မှု(၁)
ဝန်ကြီးဌာန ၀င်းသူဇာ ဆိုင်က တစ်ကိုက် ၅၀၀ ကျပ်တန် ပိတ်စ ၀င်ဝယ်တော့လည်း
နင်လိုက်ခဲ့ပေးတာပဲ...နင် ငါ့ထက် အသက် ၅နှစ်လောက်ငယ်ပေမယ့် နင်က စိတ်တော့ရှည်သားဟ....နင်နဲ့ အတူဝယ်ခဲ့တဲ့အဲဒိပိတ်စ ငါ ထဘီစကပ်ချုပ်ဝတ်လိုက်ပြီး...ချုပ်ခက
ငါးထောင်ကျတယ်....ကျိုက်ထီးရိုးဆိုတော့လည်းငါတို့ သွားကြပြန်ရော အဖွဲ့လိုက်ကြီး..
သိတဲ့လူတွေရော မသိတဲ့လူတွေရော...တစ်လမ်းလုံး ငါတို့ သူများအတင်းတွေတုပ် ကြသေးတယ်..တောင်ပေါ်တက်တော့ ငါတို့၂ ယောက် ခြေထောက်တွေက အမြန်ဆုံး....
ဓါတ်ပုံတွေ ရိုက်ကြ...အလကားကြွေးတဲ့ထမင်းတွေသေအောင်စား...ဂေါပက လူကြီးတွေကို မသထာလို့ မလှူခဲ့ကြဘူး...အထမ်းသမား အဘိုးကြီးကို တစ်ယောက် ၁၀၀၀ ကျပ်စီပိုပေးပြီး
ကုသိုလ်ယူခဲ့ကြတယ်....နင် ဂျပန်က အပြန် ငါ့ကိုပေးတဲ့ ပို့စကတ် လေးရှိသေးတယ်....
၁၁ရက် ဧပြီလ...ကျောင်းက သကြ`်န်ကျတော့လည်းငါတို့ ပျော်ကြပြန်ရော...ပြင်သစ်သီချင်းဆိုပြိုင်ပွဲမှာ နင်တို့ဝိုင်းအားပေးလို့ ငါဆုရသွားတာ အခုထိကျေးဇူးတင်တုန်း....ဦးမောင်မောင်အေး ကိုလည်းငါတို့ အကြောင်းပြချက်မရှိ သဘောကျကြတယ်...ဘယ်လိုပဲဖြစ်ဖြစ် နင်က ငါ့သူငယ်ချင်းတွေထဲမှာ နင်က အငယ်ဆုံး...အတော်ဆုံး...တစ်ခါမှငါ့ကို 'အစ်မ' လို့နင်မခေါ်ဘူး.."အေးမြတ်"
"နင်က... ငါက" နဲ့ တရိုတသေ!....ပြင်သစ်စာကိုဗမာဘာသာပြန်ရင် အတန်းထဲမှာငါတို့ ၂ယောက် အတော်ဆုံး(ဒုတ်ထိုးအိုးပေါက်)....ခင်လည်းခင်တယ်...သတိလည်းရတယ်...

Keep in touch
အေးမြတ်
— at Institut Français de la Birmanie.
Unlike ·
  • Zin Yaw Lwin wow so touchy aye myat miss u so much ဟုတ်တယ် နင် ပြင်သစ် စတက်တုန်းက နင် ဒုတိယ နေ့ လောက်မှလား မသိဘူး ရောက်လာတာလေ ငါ မှတ်မိသလောက်ဆို နင်က အကျီ အစိမ်းရောင်လေးလား မသိဘူး အတန်းထဲ မှာ တစ်ယောက်ထဲ ထိုင်နေတာလေ အစောကြီး ငါဝင်သွား တော့ နင် က အရင် မိတ်ဆက်ပီး စာတွေ ကူးတော့တာဘဲ အဲ့ ကတည်းက နင့်ကို အရမ်း ခင်သွားတာ ငါ က အစကတည်း က ပွင့်လင်းပီးခင်ဖို့ ကောင်းတဲ့ မိန်းကလေးတွေ ကို အရမ်း သောကျတာ လေ ဟီးးး ပဲတွေ အရမ်းပေးနေရင် စိတ် သိပ်မရှည်ဘူးဟ အာ့ဒါ နဲ့ ဘဲ နင်နဲ့ငါနဲ့ အတန်းထဲ မှာ အခင်ဆုံး ဖစ်သွားကြတာလေ အရမ်း သတိရတယ် ဟာ နောက်ထပ် အမှတိရစရာတွေ အများကြီးရှိသေးတယ် နောက်မှ ထပ်ရေးဦးမယ်
  • Aye Myat Naing Aung နင်နဲ့ခင်ပြီး ၂နှစ်လောက်ကြာမှ နင့်မှာ အမွှာညီအစ်ကို ရှိတာကို နင်ပြောပြတယ်..ငါအံ့သြလွန်းလို့ နင်နဲ့မသိတဲ့ ငါ့သူငယ်ချင်းတွေကိုတောင်မဆီမဆိုင် "ဟဲ့ဇင်ယော်လွင်ဆီမှာ အမွှာညီအစ်ကိုရှိတယ်ဟ" လို့သွားသွားပြောသေးတယ်...သူတို့ကပြောတယ်..အဲဒါဘာဖြစ်တုန်းတဲ့...ဘာပဲဖြစ်ဖြစ်ငါ အံ့သြ လို့ဟာလို့ပဲ ပြောချလိုက်တယ်...ငါ့စိတ်ထဲက မထင်မှတ်တဲ့ အံ့သြမှု ကို မထိန်းနိုင်လို့ပြောမိတာလေ...သူတို့ကနင့်ကိုမသိတော့ ဘယ်လိုမှမနေဘူးလေ...ဟဟဟဟ
  • Zin Yaw Lwin ပီးတော့ အဲ့ ဝင်းသူဇာ က အစဝယ်တုန်းကလေ အရောင်းစာရေးမ ကိုလေ ငါအရမ်း သဘောကျတာပဲ နင် က ရေကျလားလို့ မေးလိုက်တာ ကျတယ်တဲ့ ခပ်တည်တည်ပဲ ဖြေတာ မိုက်တယ် အခု အဲ့ ဝင်းသူဇာ လဲ မရှိတော့ဘူးဟ အယ်လ်ပိုင်း ဝါးတား စတေရှင် ဆိုလား ဖစ်သွားဘီ ငါ အဲ့ရှေ့ က ဖြတ်တိုင်း သတိရလိုက်တာဟာ ပီးတော့ ကျိုက်ထီးရိုးသွားတာတောင် နင် က Shopping ကို မစွန့်လွှတ်နိုင်ဘူးလေ ရှိသမျှဆိုင်တွေ အကုန်ဝင်တာဘဲ ငါတို့ ဆိုင်ထဲ ဝင်ပီး ပြင်သစ် လိုတွေ မတတ်တတ်နဲ့ အတင်းပြောကြတာလေ ဟီး အယ်ပီးတော့ နင် ကျိုက်ထီးရိုး က အပြန်မှာလေ ဘာ နတ်ကွန်းဆိုလား ဘာဆိုလား အာ့ မှာ ငါတို့ ဘရုတ်ကျကြသေးတယ် နင်က တီဗီ အစဉ်အစီ တောင်တင်ဆက်လိုက်သေးတယ် ဟီးးးးး ပြောရင်းနဲ့ မှ အရမ်းသတိရလာဘီ အများကြီး အများကြီး အမှတ်တရတွေ က ပြောလို့တောင်ကုန်မှာ မဟုတ်ဘူးဟ လွမ်းတယ် ဟာ
  • Angeline Sh les deux amis ...
  • Aye Myat Naing Aung အဲဒီ အရောင်းစာရေးမ ကို နင်မေးသေးတယ်...ဒီကထုတ်တဲ့ A4 စာရွက်တွေ က မှင်ပေါက်လားလို့..သူကဖြေတယ်...ပေါက်တယ်တဲ့....ဝင်းသူဇာက ဝန်ထမ်းတွေ က အရမ်း sincere ဖြစ်လွန်းတယ်...
  • Paing Hein Htet awwwn... so cute ^^
  • Aye Myat Naing Aung Zin Yaw Lwin ဇင်ယော်ရေ...မွားဇာမိ Paing Htet လာပြီဟေး....
  • Zin Yaw Lwin ဟုတ်တယ် ဟုတ်တယ် ကျိုက်ထီးရိုးမှာတုန်း ကလဲ ထမင်းဆိုင် အပေါ်ထပ်လေးမှာ ခဏ အိပ်ကြတုန်းကလေ နင်တို့ကတော့ အိပ်ပျော် နေတာ အတုံး အရုံးဘဲ ငါကတော့ အိပ်လို့ မရဘူးလေ နင်က အေးလို့ဆိုပီး ငါ့ ခြေထောက်ပေါ်ကိုတောင် နင့်ခြေထောက် လာတင်နေသေးတယ် ပီးတော့ ညနှစ်နာရီလောက်ကြီး ငါက အိပ်မရတော့ မုန့် တွေ သွားဝယ်ပီး စားကြတာလေ အများကြီးပေါ့ဟာ
  • Paing Hein Htet i'll be waiting for more stories!!
  • Zin Yaw Lwin ဟားးး ငါတို့ရဲ့ မွားဇာမီ ကတော့ အဆင်ပြေတယ် ထင်ပါ့ ပီးမက်ခ် တို့တိုင်းပြည်မှာ ဟီးးးး
  • Zin Yaw Lwin yeah Paing Htet u gon find more coming soon then u will be one of our characters soon rite aye Aye Myat ???
  • Paing Hein Htet ဟားဟား ..အဆင်ပြေပါ၏.. ဆက်ရေးကြပါခင်ဗျာ..
  • Aye Myat Naing Aung Hahaha...မွားဇာမိ BKK က ပြန်လာတော့ ငါတို့အတွက် နဖူးမှာ Thailand လို့ရေးထားတဲ့ အရုပ် Key Chain လေးဝယ်လာပေးတယ်လေ...ငါ့မှာရှိသေးတယ်...
  • Zin Yaw Lwin ငါကိုကျတော့ ဆင်လေးလေ ငါ့မှာလဲ ရှိသေးတယ်
  • Paing Hein Htet woww.. တော်တော်မှတ်မိကြတာပဲ ကျွန်တော်တော့ မေ့ကုန်ပြီ
  • Zin Yaw Lwin အယ် တေရော အေးမြတ် တွေ့လား နင့်နဲ့ ငါလောက် ဘယ်သူမှ သတိမရကြတော့ဘူး
  • Aye Myat Naing Aung မွားဇာမိ က ပထမနှစ်မှာတင်ကျောင်းထွက်သွားပေမယ့်...ငါတို့ပါးစပ်ဖျားမှာ အခုထိ မွားဇာမိ နေတုန်းပဲ...Paing Htet mois ami....
  • Paing Hein Htet it should mon ami.. right???
  • Zin Yaw Lwin အင်း ဟုတ်ပါ့ ငါတို့ တီချယ်လေး Sally Mg ကိုရော သတိရတယ် ပြင်သစ်စာကို ပျော်စရာကောင်းအောင် စပီး မိတ်ဆက်ပေးခဲ့ တာပေါ့
  • Paing Hein Htet is she married now?
  • Zin Yaw Lwin yeah Paing Htet 'mon ami '' is correct one
  • Zin Yaw Lwin not yet according to her fb relationship status heeee
  • Paing Hein Htet hahahahha.. thx thx
  • Paing Hein Htet ဆက်ပြောကြပါဦးဗျို့!!
  • Zin Yaw Lwin ပြောမယ် သင်္ကြန် အကြို ပွဲ တုန်းက အကြောင်းပြောမယ် ခဏစောင့်
  • Zin Yaw Lwin အဲ့တုန်းက သင်္ကြန်မကျခင်လေးပေါ့ ကျောင်းမှာ traditional dessert festival ဆိုပီး လုပ်တာလေ မုန့်တွေလုပ် ရောင်းကြ ရေတွေပက်ကြပေါ့ အရမ်းပျော်ဖို့ကောင်းတာ ရေပက်တာလဲ ကြည့်ဦးလေ မုန့်ထည့်တဲ့ ခွက်ကလေးတွေနဲ့ ပက်ကြရတာ အဲ့ဒါ လဲ စိုရွှဲအောင်ပက် ကြတာဘဲ မှတ်မိးသေးတယ် အေးမြတ်က အဲ့ တုန်းက ဗမာအင်္ကျီ လေး ထမီလေးနဲ့ ချည်သားလေးအနက်ရောင်လေးထင်တယ် ပိုင်ဟိန်းထက်ကတော့ တီရှပ်အမည်းနဲ့ ကာကီရောင်ဘောင်းဘီတိုလေးနဲ့ ရေပက်ကြတာ အရမ်းပျော်ဖို့ကောင်းတာဘဲ မုန့်ကတော့ ပေါင်မုန့်အုန်းနို့ဆမ်း ရောင်းကြတာ ဘယ်သူမှ တကူးတက မစားကြပါဘူး ငါတို့တွေဘဲ စားလိုက်ကြတာ ဟီးးးးး ဒိုင်တွေအကြိုက်မဟုတ်ဘူးထင်တယ် ဘာဆုမှ မရလိုက်ဘူးလေ ဟီးးး
  • Paing Hein Htet wow!! totally speechless!!
  • Zin Yaw Lwin Aye Myat တခြားဟာတွေ နင်ဆက်ပြောဦးနော် ... အပေါ်မှာ ရေးထားတာတွေ ဖတ်ရတာ အရမ်းကောင်းတယ် ... သတိရစရာတွေလေးတွေလေ ...... အများကြီးကျန်သေးတယ် ... ငါလဲနောက်မှရေးဦးမယ် .....
  • Aye Myat Naing Aung ဆောင်းရာသီ မနက်စောစော ၇နာရီ Air Con ခန်းထဲမှာ ပြင်သစ်အသံ တခီးခီး တခဲခဲ နဲ့ တစ်နေ့စာ ချွဲသလိပ်တွေရှင်းကြတယ်...ကိုဘိုဘို Sebastian Bo ရယ် ငါရယ် ဇင်ယော်ရယ်က နောက်ဆုံးတန်းရဲ့ထောင့်မှာထိုင်ကြတယ်...ကိုဘိုဘို ကို စတွေ့တွေ့ချင်း သနားနေတယ်...စိတ်ထဲမှာ...သြော်..သူ့ခမျာမွေးရာပါမျက်လုံး မကောင်းရှာဘူးဆိုပြီး...နောက်မှသိရတယ်..အဲဒါ Accident ဖြစ်လို့ ခဏ ကန်းနေတယ်ဆိုတာ...ဘယ်သူမှမသိလိုက်ဘူး ငါတိတ်တိတ်လေး စိတ်သက်သာရာရသွားတာကို....
  • Zin Yaw Lwin အယ် ဟုတ်လား ကျောင်းစတက်တုန်းက ဟို လူနှစ်ယောက် နာမည်နဲ့ ကို Amaury Phyo Thu ခေါ် ကိုဖြိုးသူမျိုးအေး တို့ ကို ဘိုဘို Sebastian Bo တို့နဲ့ ကျောင်း ကန်တင်းမှာ မုန့်စားကြသေးတယ်လေ ... ကိုဖြိုးသူ ကျွေးတာလား မသိဘူး ... ငါ တို့ အဲ့ဒိမှာ ပိုပြီး စကားတွေပြောဖြစ်ကြ ပိုခင်သွားကြတာလေ ...
  • Sebastian Bo မွေး၇ာ ချို့ တဲ့ မှုပါ ဂျာ
  • Zin Yaw Lwin သိလား အေးမြတ် အခုတော့ ကိုဘိုဘို က မက်စိတင် မကတော့ဘူး .... ဆံပင်တွေပါ ရှိတော့ဘူး .... ဟီးးး
  • Aye Myat Naing Aung အဲဒါ Amaury Thuကိုဖြိုးသူကျွေးတာ.. ဇန်နဝါရီလ ၂၈ရက် နေ့က....သူ့မွေးနေ့လေ...ငါတို့ကို မုန်းဟင်းခါး ဝယ်ကျွေးတာ...သူ ၂၈နှစ်ပြည့်လို့...
  • Amaury Phyo Thu အမယ့် ၂ယောက်သား လွမ်းစိမ့်နေကြပါလားး... ;P
  • Sebastian Bo အေးလေ မုန့်ငါး စားတုန်းက စားပြီး အဲကောင် မမှတ်မိတော့ဘူး။ အာ့မိုးတွေ မုန်းတာလို့ ပြောပစ်လိုက် ကိုဖြိုး Amaury Phyo Thu
  • Zin Yaw Lwin မှတ်မိလို့ ပြန်ပြောပြနေတာဘဲကို ရန်တိုက် ပေးနေတယ် ကိုဘိုဘို