မြန်မာ နိုင်ငံ မှာ လူတွေ က အမြင် ကျဉ်းကြတာလား စာမဖတ်ကြတာလား ပတ်ဝန်းကျင်ကြောင့်လား ကျပ်မပြည့်တာလားတော့ မသိဘူး တစ်ခါတစ်ခါ တော်တော် အရူးထတာတွေ တွေ့ နေရတယ်
အနုပညာ အားကစား ဆိုတာတွေ ကို ကြည့်ရင် ကြည့်တဲ့ ပရိတ်သတ် က ကောင်းတယ် မကောင်းဘူး ဝေဖန်မှာဘဲ လေ
သူမြင်တဲ့ ဘက်က သူပြောမှာပေါ့ ကောင်းရင် ကောင်းတယ် ကြိုက်ရင် ကြိုက်တယ် မကောင်းရင် မကောင်းဘူး သူပြောမှာပဲလေ
အဲ့ဒါ တော်တော် ထူးဆန်းနေတာလား
ခုတစ်လော ဘောလုံး သမားတွေ နိုင်တာ ရှိသလို ရှုံးတာလဲ ရှိတယ် နိုင်ရင် ချီးကျူး သလို ရှုံးရင် ဝေဖန်တယ် ဒါ သဘာဝလေ
ဘောလုံး ကြေညာ တဲ့လူ ကို မကြိုက်ရင် မကြိုက် ဘူးပြောတယ် အဲ့တာ ဘာဖြစ်လို့လဲ နားကို မလည် တာ
အချို့ က ဘောလုံး သမားတွေ ရှုံး လို့ ရှုံးတယ် ပြောတာကို မင်းတို့ က ရော နိုင်ငံအတွက် ဘာလုပ်ပေးပြီးပြီ လဲ တို့ သူတို့ လောက်တောင် ကန်တတ်လို့ လားတို့ မင်း ဝင်ကန်ပါလား တော့ တို့ အတင်း ပြန် တိုက်ခိုက်နေတာ တွေကို တွေ့ရတော့ နားကို မလည်တာ မြန်မာ အကျင့် လို့ ပြောရအောင်လဲ အခက်
ဘောလုံးကန် ကောင်းတာ မကောင်းတာ ပြောဖို့ ဘောလုံး ကန်တတ်နေစရာ မလိုဘူး လေ ဟင်းချက် အရသာ ကောင်း မကောင်း သိဖို့ ဟင်း ချက်တတ်စရာ မလိုသလိုပေါ့
ကောင်းမကောင်းဘူး ဆိုတာ ကြည့်နေတဲ့လူ ပေါ်မှာ မူတည်တယ် လေ သူ က မကောင်း ဘူးထင်ရင် သူ့ အတွက် မကောင်းဘူးပေါ့ ဘာလို့ အတင်း လိုက်ကောင်းခိုင်းနေတာလဲ
အကောင်းမြင်တဲ့လူ ရှိမယ် မကောင်းမြင်တဲ့ လူရှိမယ် ဒါ သဘာဝလေ နှစ်ပေါင်း ထောင်သောင်း မက တည်ရှိခဲ့တဲ့ သဘာဝလေ
ဘုရားကိုတောင် မကောင်းပြော ဆဲဆိုတဲ့ လူတွေ ဘုရား လက်ထက်မှာ (ခုကော) ထောင်သောင်းမက ရှိခဲ့တာပဲလေ
ပုထုဇဉ်တွေကို ပုထုဇဉ်တွေ က မကောင်းပြောတာ အကောင်းပြောတာကို လိုက်ပြီး စိတ်ထဲထည့် စကားနိုင်လုနေမှာလား ကိုယ့်ဘာသာကို အေးဆေးလေး လုပ်စရာ ရှိတာကို လုပ်နေလို့ မရဘူးလား
No comments:
Post a Comment