ရုပ်ရှင်ရုံထဲ မှာ နိုင်ငံတော် သီချင်း ဖွင့်ရင် မတ်တပ် ရပ် မရပ် ကို လှောင် ပြောင် နှိမ်ချ ပြောဆို နေတာ ကို မြင်ရလို့ မနေနိုင် လို့ ပြောလိုက်ပါဦးမယ်
၁) နိုင်ငံတော် သီချင်း ဆိုတာနေရာတိုင်း ဖွင့် လို့မရ ဘူးလို့ ယူဆထားပါတယ်
နိုင်ငံတော် သီချင်း ကို ကြိုက် လို့ ဆိုပြီး လမ်းဘေး လက်ဖက်ရည် ဆိုင်မှာ မဖွင့် သလို ထီသည် ကလဲ မဖွင့်ပါဘူး
အဲ့တော့ ရုပ်ရှင်ရုံ ဆိုတာ လဲ ခုန ကလို နေရာတွေ နဲ့ ဘာမှ မခြားပါဘူး
အဲ့ဒါကြောင့် ရုပ်ရှင် ရုံမှာ နိုင်ငံတော် သီချင်း ဖွင့်တာ ကို အမှန် လို့ လုံးဝ လုံးဝ မယူဆပါ
၂) ရုပ်ရှင်ရုံ ကို အပန်းဖြေ ဖို့ ရုပ်ရှင် ကြည့်ဖို့ သွားတာပါ မျိုးချစ်စိတ်တက်ကြွ ချင်လို့ သွားတာ မဟုတ်သလို ဖက်ဆစ် ဂျပန် အင်္ဂလိပ် တော်လှန် ဖို့ သွားတာလဲ မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံတော် သီချင်း ဆိုပြီး နိုင်ငံချစ်ကြောင်း ပြစရာ မလိုပါ
၃) နိုင်ငံတော် သီချင်း ကို မလိုတဲ့ နေရာ မှာ မလိုတာတွေ ဆိုခိုင်းတာ ဟာ အာဏာရှင် ဆန်လွန်းတယ် လို့ ခံစားရပါတယ် ။
၎) တခြား နိုင်ငံတွေမှာလဲ (အများအားဖြင့် အာရှ နိုင်ငံတွေမှာ) အဲ့လို အလေ့အထတွေ ရှိပါတယ် မြန်မာ နိုင်ငံ တစ်နိုင်ငံထဲ မဟုတ်ပါဘူး
ဒါပေမယ့် တစ်ချို့ နိုင်ငံတွေ ပြင်ဆင်သင့်တယ် ထင်လို့ ပြင်ဆင်ထား မဆို တော့ တာတွေ တစ်ပုံကြီးပါ
အပေါ်က အကြောင်းပြချက်တွေကြောင့် ဆိုစရာ မလို ဘူး သီချင်း ဖွင့် ခြင်း ဟာ ကျနော့် အတွက်တော့ အဓိပ္ပါယ် မရှိတဲ့ အတွက် သိတတ်နားလည် တဲ့ အချိန် ကစပြီး ရုပ်ရှင်ရုံထဲမှာ ဘယ်တော့ မှ မဆို မတ်တပ် မရပ် တော့ ပါဘူး
ကိုယ့် ဘာသာ ကို ကိုယ့် ဦးနှောက် ရှိပြီး ကိုယ်ပိုင် ဆင်ခြင်တုံ တရား ရှိတယ် လို့ ယူဆ တဲ့ အတွက် ဒီ ဆုံးဖြတ်ချက်ကို ဘယ်တော့ မှ ပြောင်းမှာလဲ မဟုတ်ပါ ။
ကိုယ်ယုံကြည်လို့ မတ်တပ်ရပ် လိုက်ဆိုတဲ့ လူတွေ ကို လဲ ဘယ်လိုမှ မမြင်ပါ ကိုယ် ယုံကြည်တာ ကို ကိုယ် လုပ်နိုင်ပါတယ်
ဘယ်သူက မှ ဘယ်သူ့ကို ဒီကိစ္စကြောင့် ပုတ်ခတ်နေစရာလဲ မလိုပါဘူး
No comments:
Post a Comment