သတင်း တွေ ကို ရှဲ တော့ တင်တော့မယ် ဆို ဘ ခြောက် လုံး ကို သတိရပါ
ဘယ်သူ က
ဘယ်သူ့ အကြောင်းကို
ဘယ်နေရာ မှာ
ဘယ်အချိန် မှာ
ဘာကြောင့်
ဘာလို
ဘယ်သူ့ အကြောင်းကို
ဘယ်နေရာ မှာ
ဘယ်အချိန် မှာ
ဘာကြောင့်
ဘာလို
ရေးထားတာလဲ ဘာတွေ လဲ ဘယ် က လာတာလဲ ဘယ်သူ့ အကြောင်းလဲ
ဥပမာ ဟိုတစ်လောက ဂျက်ကီချန်း သေသွားတဲ့ သတင်း ဘယ် က လာတာလဲ အရင် စဉ်းစား လိုက်ရင် ကို ကောလာဟာ လ မှန်း သိသွားပြီလေ သတင်း ရင်းမြစ် က ဘယ်သူတွေလဲ တွေ့ရင် ကို မှန်မှန် မမှန်မှန် သိနေပြီ ဘီဘီစီ တို့ စီအန်အန် တို့ ရှင်းဟွာ တို့ အန်အိတ်ခ်ျကေ တို့ ဖရွန့်၂၄ တို့ ဆိုရင် တော့ ဒါ ယုံဖို့ ရှဲ ဖို့ အတော် အသင့် ရနေပြီ ။
ပြီးတော့ ဂျက်ကီချန်း ရဲ့ တရားဝင် ဝက်ဘ်ဆိုက် ဖဘ ပေ့ခ်ျ တွစ်တာ (ရှိရင်) သွားကြည့်လေ။ သူသေပြီ ဆို သူ့ အဲ့နေရာတွေမှာ တင်ထားမှာပေါ့
နောက်ပြီးသူ့ ရဲ့ နောက်ခံ အခြေ အနေ သူက နေမကောင်းနေတာလား ကင်ဆာလိုမျိုး နာတာရှည်ရောဂါ မျိုးရှိတာလား အဲ့လို ဟာမျိုး နဲ့ ချိန်ထိုး ကြည့်လိုက် ရင် အဖြေ က ရှင်းနေပြီး
ရန်ကုန် မြစ်ထဲမှာ နဂါး ကြီး ပေါ်ပြီဆိုလဲ ယုံလိုက်တာဘဲ ရှဲလိုက်တာဘဲ
စဉ်းစားလေ နဂါး ဆိုတာ ခုခေတ်မှာ တစ်ကယ် ရှိလို့လား (အရင် ခေတ် ကို တော့ မငြင်းချင် . ကိုယ်မှ မသိတာ)ပြီးတော့ ဓါတ်ပုံ က နဂါး ကိုတောင် ဖမ်းထားတဲ့ပုံ နော် ဖမ်းတာ က လှေ ပိစိလေးနဲ့ ဘယ်က ဖေါ်ပြမှန်း လဲ မသိ ဘယ်သူက ဘယ်နေရာ မှာ သေချာ သွားရိုက်ထားပါတယ် လို့လဲ မပြောနိုင်တဲ့ ပုံ ကို ရှဲ ကြ ရှဲ ကြတာ ဆိုတာ မြင်မကောင်းဘူး
အဲ့ တာကို စီးပွားရေး အမြင်ရှိတဲ့ လူတွေ က ဓါတ်ပုံ လေး အေဖိုး အပေါစားမှာ ပရင့်လေးထုတ်ပြီး တစ်ပုံ ငါးရာ နဲ့ ရောင်းစားလိုက်တာ စို့စို့ ပို့ ပို့လေးရသွားရော
ဝယ်ထားတဲ့ သူတွေ နောက်မှ တိတ်တိတ်လေး အဲ့ဓါတ်ပုံတွေ အမှိုက် တောင်းထဲ သွားထည့်ကြတောတွေ မသိပါဘူး လို့
စဉ်းစားကြပါ စဉ်းစားကြပါ နဲနဲလေး စဉ်းစားလိုက်လို့ ပိုက်ဆံ မကုန် ပါဘူး လူလဲ အများကြီး ပိုမပင်ပန်း သွားပါဘူး။ အဲ့လို စဉ်းစားတတ်ဖို့လဲ အတန်းပညာ တတ်စရာ မလိုပါဘူး ပါရဂူကြီး ဒေါက်တာ ကြီးလဲ ဖြစ်စရာ မလိုပါဘူး တွေးတော ဆင်ခြင် တတ်တဲ့ စိတ်လေး တစ်ခု ပဲ တွေ့ရာ မျက်စိမှိတ် မယုံတတ်တဲ့ စိတ်လေးပဲ လိုတာပါ
No comments:
Post a Comment