Monday, July 6, 2015

မျိုးချစ်များသို့

မျိုးချစ်တွေ ကို ကြည့်ရင်း ကြည့်ရင်း နဲ့ ရွံလာပြီ ရွံတာမှ တော်တော် ရွံတာ 

မျိုးချစ်တွေ ကို ဖဘ မှာ ဟို ရှဲ ဒီ ရှဲ ဟို ရေး ဒီ ရေး လုပ်နေမယ့်အစား တစ်ကယ် မျိုးချစ်တယ် ဆို အောက်က အချက်တွေ ထဲ က တစ်ချက်လောက် ကို ဘဲ လိုက် လုပ်ကြည့်ပေးပါလား

၁) အမှိုက် လုံးဝ မပစ်ပါနဲ့ ဘယ်နေရာ ဘယ်ကို ရောက် ရောက် အမှိုက်ပုံး တွေ့ တွေ့ မတွေ့တွေ့ ငါ သည် အမှိုက်ကို လုံးဝ မပစ်ဘူး လို့ စိတ်ဆုံးဖြတ်ထားကြည့်ပါလား 

၂) ကွမ်းတံတွေး မထွေးပါနဲ့ ဘယ်လောက်ပဲ ကျပ်တဲ့ ဘတ်စကား ရထား ကား ထဲ ရောက်နေပါစေ ငါ သည် စည်းကမ်းမဲ့ ကွမ်းတံတွေး မထွေးဘူး ထွေးဖို့ အိတ်လေး တစ်ခု အမြဲ ဆောင်ထား ကြည့်ပါလား 

၃) ကွမ်းစား ဆေးလိပ်သောက် ဘီယာ သောက်မယ့် ပိုက်ဆံ ထဲ က (အခြား အပို ပိုက်ဆံ တစ်ပြား မှ ထုတ်စရာ မလိုဘူးနော် ) သုံးပုံ တစ်ပုံ ကို ဘဲ ဖယ်ထားပြီး လကုန်တဲ့ အခါ စာအုပ်လေး တစ်အုပ် ဝယ်ပြီး ဖတ်ကြည့်ပါလား 

အဲ့လိုလေး အမျိုးချစ်ကြည့်ပါလား 

ကိုယ့် အမျိုးတွေ နေတဲ့ နေရာလေး သန့်ရှင်းအောင် ကိုယ့် အမျိုးတွေ နေတဲ့ နေရာ လေး က စာဖတိတဲ့ လူတွေ နဲ့ ပြည့်နေအောင်

No comments:

Post a Comment