ကျူရှင် တစ်ခုမှာ ကလေးတွေ ရဲ့ အသက်ထွက်မတတ် စာ အော် နေသံ ကို ကြားနေရတယ်
အသံပြာနေအောင်ကို အော်နေရတယ် အကျယ်ဆုံးအော် ရင် အတော်ဆုံး လို့ ထင်ရအောင် အော်နေကြတယ်
တစ်ယောက် အသံ တစ်ယောက် ဖုံးအောင် အော် နေကြတယ်
ဘာအော် နေတာလဲ နားထောင်ကြည့်လိုက် တော့
"ရေထဲတွင်နေထိုင်သော သတ္တဝါ တစ်မျိုး မှာ အဘယ်နည်း"
"ရေထဲတွင်နေထိုင်သော သတ္တဝါ တစ်မျိုး မှာ ငါး ဖြစ်ပါသည်"
ကလေးတွေ ကို နားထောင်ပြီး ရင်တွေ နာလိုက်တာ
တိုင်းပြည်ကြီး ရဲ့ အနာဂတ် က တော့ မတွေးဝံ့ စရာ ၊ ရင်တွေ နာ လိုက်တာ
No comments:
Post a Comment