ဆက်ပြောရမယ်ဆိုရင်
အင်္ဂလိပ် စကား အသုံးအနှုန်း တွေပါ
မွှတ်နေအောင် ပြောတတ်ဖို့ မဟုတ်ပါဘူး လေ့ကျင့်များရင် ရသွားပါလိမ့်မယ်
ဒါပေမယ့် အသုံးအနှုန်းလေးတွေကို သတိထားရပါမယ်
ဟိုင်း တို့ ဟယ်လို တို့ ဟောင်း အာ ယူ တို့ မပြောဘဲ မြန်မာ ပီပီ တိုက်ရိုက်ကြီး စပြောလိုက်တာက အိုးတို့ အမ်းတန်း ဖြစ်စေပါတယ်
ပြီးတော့ မြန်မာ လိုတွေ ဘာသာ ပြန်ပြီး စွတ်မပြောမိစေဖို့ပါ မသိရင် သူတို့ ဘယ်လိုပြောလဲ နားထောင်ကြည့် မေးကြည့်ပါ ရှက်စရာ မလိုပါ နိုင်ငံခြား ဘာသာစကား ကို ပြောရတာ မှားတာ မသိတာ မတော်တာ တွေ ပါမှာ ပါဘဲ အဲ့တာ ကို မှားရင် မှား မှန်းသိပြီး ပြင်နိုင်မှ အဆင်ပြေမှာပါ
ဥပမာ ကိုယ့် လုပ်ဖော်ကိုင်ဖက်က ဝင်လာတယ် ကိုယ်က စီးပြီး ပြောထည့်လိုက်တယ်
"ဝှက် ဒူး ယူး ဝမ့် " တဲ့ ဟို က ဘာပြန်ပြော ရမှန်း မသိဘူး
"ဝှက် ဒူး ယူး ဝမ့် " ဆိုတာ မင်း ဘာလိုချင်လဲ ဘာလုပ်ချင်လဲ ဘာလာ လုပ်တာလဲ ဆိုတဲ့ အဓိပ္ပါယ် ရောက်ပါတယ် ရန်ဖြစ်တော့မယ့် နေရာ မှာ ဂရု မစိုက် တဲ့ နေရာမှာ မှ သုံးတာ ပါ
ဒီနေရာ မှာ ဟိုင်း တွေ ဟောင်းအာယူတွေ ပြောပြီးမှ အဲ့တာ ကို ပြောရင်တောင် တော်သေးတယ်
ဒါပေမယ့် what can i help you or what brings u here ?? အဲ့လို မျိုးလေးတွေ ပြော ရင် ပို ကောင်း ပို ယဉ်ကျေး ပို သဘာဝ ကျမှာပါ
ပြီးရင် အီမေးလ် ရေးတာ ဖြစ်ဖြစ် စကားပြောတာ ဖြစ်ဖြစ် please , could you , can you , would u mind စတဲ့ စကားလုံးလေးတွေ ပြောတာ ပို အလုပ်ဆန် လူကြီး လူကောင်း ဆန်စေ သလို ကိုယ် အင်္ဂလိပ် စာ တတ်ကြောင်း တစ်ဖက်လူသတိထားမိစေပါတယ်
သူများနိုင်ငံတွေမှာ ဈေးဆိုင်မှာ ဈေး ဝယ် ရင် စားသောက်ဆိုင်တွေ မှာ စားပွဲထိုးတွေ နဲ့ စကားပြောရင်တောင် please တို့ thank you တို့ လှိုင်လှိုင် သုံးရတာပါ
ကိုယ်နဲ့ အလုပ်လုပ် သူတွေက အင်္ဂလိပ် စကား ကို မိခင်ဘာသာ စကား အနေနဲ့ မပြောလို့ ခုန က ဟာတွေ မရှိရင် တောင် ကိုယ် က အရင်ပြောပေးပါ ကိုယ် ယဉ်ကျေးကြောင်း စကားပြော လိမ္မာ ကြောင်း ပြရာ ရောက်ပါတယ်
တခြား ဘယ် အလုပ်သွားသွား ဘယ် လူမျိုး နဲ့ လုပ်လုပ် အထင်သေးမခံရမှာပါ
မယုံမရှိနဲ့ ကိုယ်တွေ အဲ့လို ယဉ်ယဉ်ကျေးကျေး ပြောနေလို့ မချီး ကျူးရင် သာ နေမယ် ။ မပြောလို့ကတော့ တိုးတိုး တစ်မျိုး ကျယ် ကျယ် တစ်ဖုံအတင်းပြော လိမ့်မယ်
နောက် တစ်ခု က အီးမေလ် ဖတ်တာ ပြန်တာ မြန်အောင် လေ့ကျင့်ယူပါ
အီးမေးလ် ဆယ်ခုလောက် ရှိတာ ကို အများကြီး လို့ ညည်း နေမယ့်အစား မြန်မြန် ဖတ် ပြန်စရာ ရှိတာ မြန်မြန် ပြန် လိုက်ပါ
အမြဲတမ်း မဟုတ်တောင် အီးမေးလ် ချက်ချင်း ရ ချက်ချင်းဖတ် ချက်ချင်း ပြန် ဖြစ်တာ က အကျင့် ကောင်း တစ်ခု ပါ
မြန်မာ တွေ မှာ တွေ့ ရတာ က အီးမေလ်း တွေ ကို ဆယ်စောင် အစောင် နှစ်ဆယ် လောက် ရှိမှ စု ဖတ်ကြတယ် ပြီးရင် ဖတ်ပြီး ချက်ချင်း မပြန်ဘူး အီးမေးလ် ထဲ က လုပ်ရမှာ တွေ ကို အကြာကြီး လုပ်ပြီး အားလုံး ပြီးမှ ပြန်တာတွေ တွေ့နေရတယ်
အရေးကြီး တာ က သူ ပို့ တဲ့ အီးမေးလ် ကို ကိုယ် ရကြောင်း သူ လိုချင်တာ ကို ဒါမှ မဟုတ် ကိုယ် ပေးရမှာ ကို ဘယ်အချိန် အပြီး ပေးမယ် ဖြစ်ကြောင်း အရင် အတိုချုံး မေးလ်ပြန် ပေးရမှာပါ
ပြီးတော့ မေးလ် တွေကို အကုန် ချက်ချင်းဖတ်ပါ ပြီးရင် ပြန်စရာ ရှိတာ ကို ရကြောင်းပြောတာ အပြင် ဖြတ်လို့ရရင် ချက်ချင်းဖြတ် လိုက်ပါ
ဥပမာ အီးမေးလ် တစ်ခု က သောကြာနေ့ ဆယ်နာရီ အားလား မအား ဘူး လား မေးထားတယ် ဆိုပါတော့ ကိုယ့် အချိန်ဇယား ကိုယ်ကြည့် အားရင် အားကြောင်း မအားရင် မအားကြောင်း ချက်ချင်း ပြန်လိုက်ပါ
အဲ့အီးမေးလ် အောက်ဆုံး ရောက်နေလို့ နောက်ဆုံးမှ ပြန်မယ် မလုပ်ပါနဲ့ တစ်ချို့ က ရှိပါတယ် အီးမေးလ်ပြန် တာ ကို သက်သာ မှာ ဆန်ထုတ် သလို ကေအက်ဖှ် ဆီ မှာ တန်းစီ သလို အရင် လာတဲ့ အီးမေးလ် အရင် ပြန်နေတာ ပါ
အဲ့လို မလုပ်ပါနဲ့ တစ်မိနစ်လောက် နဲ့ လုပ်လိုက်ရင် ပြန်လိုက်ရင် ပြီးတဲ့ ဟာကို (အပေါ် က ဥပမာမျိုး) အရင် လုပ်လိုက်ပါ
အီးမေးလ် ပြန်ရင် asap တွေ ဘာတွေ ဖြစ်နိုင်ရင် မသုံးပါနဲ့ ခုခေတ်က မြန်လေ ကြိုက်လေ ခေတ် ကိုယ် လုပ်နိုင်တာ ကို ကြည့် လိုက် ပြီးရင် စာ ပြန်လိုက် ငါ ဒီနေ့ အပြီး လုပ်ပေးနိုင်မယ် မနက်ဖြန်မှ လုပ်ပေးနိုင်မယ် စသည်ဖြင့် အချိန်အတိအကျ ပြောပေးပါ ပိုပြီး အလုပ်ဆန် သလို တစ်ဖက်လူ က လဲ လေးစားမှာ အမှန်ပါ ။
ခုပြောခဲ့တဲ့ဟာတွေ က မြန်မာတွေ အကုန် မလုပ် ဘူး နိုင်ငံခြားသား သူ တွေ က အကုန် တော် ဒီလို တွေ လုပ်နေတယ် လို့ မပြောပါ ဗရုတ်သုတ်ခ နိုင်ငံခြား သားသူ တွေလဲ တစ်ပုံ တစ်ပင် ပါ အဲ့ လို ဗရုတ်သုတ်ခ တွေ တွေ့ရင် အတုယူ မမှားအောင် ကိုယ်က ပြင်ပေးနိုင်အောင် ပြောပြတာ ပါ
No comments:
Post a Comment