Sunday, July 26, 2015

မြန်မာများ ပြင်ဆင် စရာ ၁

မြန်မာနိုင်ငံ မှာ နောက်ဆို ရင် နိုင်ငံခြား ကုမ္ပဏီတွေ အဖွဲ့တွေ အခုထက် ပိုများပြီး ရောက်လာကြ မှာ ဆိုတော့ မြန်မာ တွေလဲ ကိုယ့်ဘာသာ ကို နေလို့ မရတော့ဘူး သူများတွေနဲ့ အလုပ် တွေ လုပ်ရတော့မယ် ပြိုင်ဆိုင်မှုတွေ ရှိလာမယ် 

တခြား ပညာရပ်ပိုင်း ဆိုင်ရာတွေ ရည်ချင်းတွေ ဖြည့်တာ ကလဲ ဖြည့်တာပေါ့ အကျင့်ပိုင်း ဆိုင်ရာတွေ ပြောပုံဆိုပုံ ပြုမူ ပုံတွေ လဲ အများကြီး ပြောင်းလဲ ရမှာ ကို လဲ သတိမူစေချင်တယ် 

အတွေ့အကြုံ များတာနဲတာနဲ့ မဆိုင်ပါ စာဖတ်တာ မဖတ်တာ နဲ့ ကိုယ့် ပတ်ဝန်းကျင်ကို ကြည့်တတ်မြင်တတ် လေ့လာတတ်တာ နဲ့ အများကြီး ပို ဆိုင်ပါတယ် တစ်ချို့ဆို မွေးကတည်း က နိုင်ငံတကာ ကုမ္ပဏီ အဖွဲ့အစည်းတွေ မှာ လုပ်လာလဲ အချိုးမပြေရွှေကျင့် တွေ မပျောက်သေးတာ တွေ တစ်ပုံ တစ်ပင် ရိုက်သတ်လို့ မကုန်ပါ

ပထမဆုံး အပြောအဆိုတွေ ကိုယ့်ဘာသာ မြန်မာတွေ အချင်းချင်း ပြောနေတာတွေ က ဘာမှ မဖြစ်ပေမယ့် သူများတွေ နဲ့ ယှဉ်လုပ်ရပြီ ဆက်ဆံ ရပြီ ဆိုရင် နိုင်ငံတကာ က လက်ခံ ထား တာတွေ မသင့်လျော် တာတွေ ကို သိထား နားလည်ထားရမယ် 

ကိုယ့် မြန်မာ နိုင်ငံမှာ မြန်မာ ဓလေ့ ဘဲ ကွာ လုပ်ချင်တာ လုပ်မယ် ဆိုရင်တော့ မြန်မာ့ ဓလေ့ ဆိုက်ကား နင်း အကြော်ရောင်း ပဲပြုတ်ရောင်း ပွဲရုံ သွားလုပ်လေ နော် 

အများဆုံး တွေ့ရတာက သူများ တကာတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ တွေ ကို ပေါ်တင်တစ်မျိုး ကွယ်ရာ တစ်ဖုံ ဝေဖန် ပြောဆိုတာ ပဲ ။ ဥပမာ လူတစ်ယောက် က ဝနေတယ် ဆိုပါတော့ "ဟယ် နင် ဝလာတယ်နော် / ဟျောင့် မင်းဝလာတယ်နော်" ဆိုတာ က မြန်မာ ဓလေ့ အနေနဲ့ ရိုင်းတယ် လို့ မခေါ်ပေမယ့် တခြား ဓလေ့ တော်တော်များများ မှာ ရိုင်းတယ် လို့ ယူဆ ကြတယ် ။ သူ့ဘာသာ ဝ ဝ ပိန်ပိန် ဘာပဲ ဖြစ်နေနေ ဝေဖန်မှု မပြု ရဘူး လို့ နားလည်ထားကြတယ် 
ဒီမှာတော့ အချင်းချင်း ပြောတာ အကျင့် ကြီး တွေ ပါပြီး သူများ တွေကို တိုက်ရိုက်ကြီး တွေ သွားပြောတော့ ဟိုက လူတွေ က ဘာပြန်ပြောရမှန်း မသိ ဒီက လူတွေ တော်တော် ရိုင်းတာဘဲ လို့ ထင် ဒီက ဓလေ့ ဆိုတာ သိသွားသည့်တိုင် ဒါမျိုးတွေ က ဒီအဆင့်အတန်းပေါ့လေ ဆိုပြီး ပါးစပ် က ထုတ်မပြောသော် လည်း စိတ်ထဲ ဘဝင် မကျ မှာ အမှန်ပါ ။ 

သူတို့ မျက်နှာကြည့် နေရမယ် လို့ မပြောပါ ( ရွှေမျိုးချစ်တွေ က သောက်တလွဲ အဓိပ္ပယ် ကောက်နေမစိုးလို့) ကိုယ်နဲ့ အလုပ် တူ လုပ်သူချင်း ချစ်ခင် ကြည်ဖြူ နားလည် မှု ရှိတာ က မရှိတာ ထက် ပိုကောင်း တယ် ဆိုတာ သူငယ်တန်း ကလေး သွားမေးတောင် သိပါတယ် ။

နောက်အချက်တွေ နောက်မှ ဆက်ရေးပါ့မယ်

No comments:

Post a Comment