Friday, October 3, 2014

that nothing

don't u know that hurts ?? it hurts so much . that word that goes rite thru my heart and makes me weak. I just wanna take it easy not being serious. but i can't i just can't .
I know you don't think for me but why can u just tell that without any hesitation. i know it is nothing but that nothing hurts me cuz i don't get anything but these words that hurt me always. i hate myself for not being able to hate u or forget u .

why cant u understand me or just try to understand me or just try to understand me just a bit???? 

Monday, September 29, 2014

It's been a while

           OMG .. I've been away from THIS ... for a while .. I feel like I need to update now abit :D It is going to be Thadingyut in a few weeks and I am excited to see fireworks and lights during the festival. And the good thing is that there is gonna be an Eid Holiday in Myanmar on 6 which is Monday and 8 is the full moon day which is also a public holiday. So , after the weekend , Monday is holiday and Wednesday is holiday . If we make a bridge taking the leave on Tuesday , that will be a five day holiday .. YAY ... good to have a short trip to somewhere :D
            But this week is a bit busy and even could'nt go home early. But it is ok. Just being busy not stressed out , I can manage still.

            And the song I am obsessed with this week is called Dear No One by Tori Kelly. It is such a good song to listen to and the lyrics are very meaningful.

https://www.youtube.com/watch?v=njmCUJ94lUM

Great !

Sunday, August 3, 2014

Point to Ponder

မျိုးချစ် ဆရာ ဆရာမကြီးများသို့

            ကုလား ဖုန်းကတ်များ မသုံးခိုင်းသော .. သုံးမိရင်ပဲ အမျိုးဘာသာ သာသနာကို သစ္စာဖောက်နေသလို ၊ ကုလား ကျွှန်ပဲ ဖြစ်တော့မလို ပြောနေကြသော ဆရာ ဆရာမကြီးများ ကို သိစေချင်ပါသည် ။

           အုံနာကြေးမရသေး၍ မိုးရွာ ထဲတွင် ဗိုက်အောင့်နေတဲ့ကြားထဲက မနားနိုင်ဘဲ တက်ဆီဆွဲနေရင်း အိမ်က မိန်းမ ကို ဆန်ပြုတ်လေး ပြုတ်ထားဖို့ သူရဲ့ တာတာ ခလုတ် ဖုန်းလေးနဲ့ မကြားတစ်ချက် ကြားတစ်ချက် လှမ်းပြောနေသော တက်ဆီ သမား ကို တွေ့ဖူးလား ။ ဗိုက်တော်တော်အောင့်နေရင် ဆေးခန်းသွားပါလား လို့ မေးလိုက်သော ကျနော့်ကို ကြောင်စီစီ ပြန်ကြည့်နေတဲ့ တက်ဆီသမားမျိုး ခင်များ မြင်ဖူးလား၊ တက်ဆီသမားနော် ၊ ကားမောင်းနေတဲ့ လူ ၊ ဆိုက်ကားသမားမဟုတ်ဘူး ။

           ပီဇာဆိုတာ ဘာလဲ လို့ မေးတဲ့ တက်ဆီ သမားကို တွေ့ဖူးလား ။ ပီဇာဆိုတာ နိုင်ငံခြားမှာ ဘောစိတွေ ၊ လူကြီးလူကောင်းတွေမှ စားနိုင်တာလို့ ထင်နေတဲ့ အဲ့ဒိ အညာသားကြီး တက်ဆီသမားကြီးကိုတွေ့ဖူးလား ။

ေ         နေ့လည် ၃ နာရီထိုးတဲ့ထိ အုံနာခ မရသေးလို့ ထမင်းမစားရသေးတဲ့ တက်ဆီသမားတွေကို မြင်ဖူးလား။

ေ         မြောင်းပုပ်ဘေးနားက ကျူးကျော်တဲလေး မှာနေပြီး ဘက်ထရီအိုးလေးကို ကျွှတ်ကျွှတ်အိတ်ထဲထည့် ပုခုံးမှာ လွယ်ပြီး ရှော့ရိုက် ငါးဖမ်းပြီး အသက်မွေးရသော သားအဖ … ဒီနေ့ အိမ်မှာ ကန်စွန်းရွက်ကြော်လေးနဲ့ ထမင်းစားရဖို့ ပျော်ရွင်စွာ ပြောရင်း အိမ်ပြန်နေတာ ကို မြင်ဖူးပါသလား ။
အဲဒိလို ကလေးလေးတစ်ယောက်က သူ့အမေ ပဲပြုတ်နဲ့ မျှစ်ကြော်ထားတာကို ဟင်းနှစ်မျိုးတောင်စားရမှာ ဆိုပြီး ခုန်ပေါက်နေတာကို မြင်ဖူးလား ။

         ဆိုက်ကားနင်းနေရင်း က ဗိုက်ဆာလို့ လမ်းဘေး က အပေါစား သုံးရာတန် ထမင်းကြော်နဲ့ ဟင်းကို အမြန်သွတ်နေတုန်း ဆိုက်ကားစီးမယ့်လူလာလို့ စားနေတဲ့ ထမင်းကို ထားခဲ့ပီး နေပူထဲ ဆိုက်ကားနင်းနေတဲ့ လူကို တွေ့ဖူးလား ။

          ရထားခက အနည်းဆုံးတစ်ရာ ဖြစ်သွားလို့ သောက်နေကျ လက်ဖက်ရည်လေးကို မသောက်ရတော့တဲ့ ညစောင့်သမားတွေ ၊ ဆောက်လုပ်ရေး ပန်းရန် လုပ်သားတွေ ၊
အိမ်အပြန် ရထားမီအောင် ဘူတာကို အပြေးအလွား သွားနေတာ မြင်ဖူးလား

           လက်ဖက်ရည်ဆိုင် က အရွယ်နဲ့မလိုက်အောင် အလုပ်လုပ်နေရတဲ့ ကလေးလေးတွေ ဆိုင်ကို လာတဲ့ လူတွေက ဖုန်းအမျိုးမျိုး နဲ့ ပွတ်နေကြတာကို မစားရဝခမန်း ကြည့်နေရတဲ့ ကလေးလေးတွေ ကို တွေ့ဖူးလား ၊ ဆိုင်ရှင် ဆူဆဲ အရိုက်ခံနေရတဲ့ကြားထဲ က ပေတေပြီး ဘယ်မှ သွားစရာမရှိလို့ ဆက်လုပ်နေရတဲ့ ကလေးလေးတွေကို တွေ့ဖူးလား

            ခင်များတို့ အမျိုးစစ်စစ် မြန်မာတွေက ပေးတဲ့ ၁၅၀၀ ဆိုတဲ့ မဲနှိုက်ပြီး ဝယ်ရတာလေး ကို ကံကောင်းထောက်မစွာနဲ့ ခင်များတို့ မြန်မာလူမျိုးတွေထဲမှာ ရှားတဲ့ သမာသမတ်ကျသော ၊အယောက်တစ်ရာ မှာ တစ်ယောက်သာရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဘက်မလိုက်ပဲ မဲနှုက်ပေးလို့ ပေါက်တဲ့ ဖုန်းကတ် လေးကို ဟန်းဆက်ဝယ်ဖို့ ပိုက်ဆံမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သေလောက်အောင် ကိုင်ချင်နေတဲ့ကြားက လေးငါးသောင်းပေးဝယ်နေတဲ့ ဖုန်းဆိုင်တွေကို ပြန်ရောင်း လိုက်ရတာ မျိုး မြင်ဖူးလား
        
           အဲ့လိုပေါက်ထားတဲ့ဆင်းကတ်လေး ကို သုံးချင်လွန်းလို့ ဟန်းဆက်မဝယ်နိုင်တော့ ပိုက်ဆံရှိတဲ့အမျိုး တွေ ဦးလေး တွေ အဒေါ်တွေမှာ သူများသုံးပြီးသား ဟန်းဆက် အစုတ်လေးတွေ လိုက်ရှာတောင်းနေတဲ့ လူတွေမြင်ဖူးလား ။ ဟန်းဆက်လေးရပြန်တော့လဲ .. ငါးထောင်ကတ်ကို ဝယ် စရာပိုက်ဆံမရှိလို့ နေ့ပြန်တိုးနဲ့ လိုက်ချေးငှားနေတာကို မြင်ဖူးလား ။

             ခင်များတို့သုံးနေတဲ့ အင်တာနက်တို့ ဖေ့စ်ဘွတ်တို့ မပြောနဲ့ ….. နယ်ကအမေကို ပိုက်ဆံလေးနှစ်သောင်း ပို့လိုက်ပြီဆိုတာကို လူပေါင်းသောင်းခြောက်ထောင်ရှိတဲ့ ဘတ်စကားမှတ်တိုင်က ဖုန်းဆိုင်လေးမှာ အော်ပြောဖို့ ကို မျက်နှာထားတင်းနေတဲ့ ဖုန်းဆိုင်ကလူကို ခလုတ်အနှိပ်ခိုင်းရတဲ့ အလုပ်သမားလေးတွေကို မြင်ဖူးလား

            ဒါမျိုးတွေ ။အဲ့ဒိထက်မကတဲ့ ပြောပြလို့တောင်မကောင်းတဲ့လူတွေ မြန်မာတွေ ခင်များတို့ လူမျိုးစစ်စစ်တွေ မြန်မာနိုင်ငံမှာ ထောင်သောင်းသန်း မက ရှိပါတယ်ဗျာ။
သူတို့လေးတွေ ဖုန်းလေးတွေကိုင်နိုင်ကြတော့မယ် ၊ အော်ရီဒူးလား ။အူရီဒူးလား ။ တယ်လီနော လား ဆိုပြီး ၊ မထွက်ခင်ထဲက ကျိတ်ပျော်နေကြတဲ့ မြန်မာတွေပါ ။ ခင်များတို့ အမျိုးတွေလေ ။ မြန်မာလူမျိုးတွေ ။
သူတို့ က အမျိုးဘာသာ သာသနာ ကို သစ္စာဖောက်ဖို့နေနေသာသာ ထမင်း နပ်မှန်အောင်တောင် စားဖို့ အနိုင်နိုင်ပါဗျာ ။ အဲ့ဒါ ကို ခင်ဗျားတို့ က ပါးစပ်ဖျားလေး ၊ လက်ဖျားလေးနဲ့ သစ္စာဖောက်တွေလို့ စွပ်စွဲတာတော့ ကျနော် ရင်နာလွန်းလို့ ပါ။

           ဖုန်းလေးရရင် အမေ့ကို နေ့ တိုင်း ဖုန်းဆက်မယ် ။ ရွာက ညီလေး ညီမလေးတွေကိုလဲ စကားပြောမယ် ။ ည ကိုးနာရီ မှ အလုပ်က ပြန်လာလဲ ပြောလို့ရမယ် ၊ အဲ့လိုမျိုး စိတ်ကူးတွေယဉ်နေကြတဲ့လူတွေကို စွပ်စွဲလိုက်တာ က အမျိုး သစ္စာဖောက်တဲ့လား ဗျာ။
  
            ဂျပန်က လူတွေ က မျိုးချစ်စိတ်ဓါတ် ရှိတယ်တဲ့ သူတို့ ဆီမှာ အူရီဒူး က အလကား သွားပေးရင်တောင် ဂျပန်တွေက သူလူမျိုးရောင်းတာကိုပဲ အားပေးမှာတဲ့ ။ ရေးတဲ့လူ ကရှိသေးတယ် ။ ပြောရက်လိုက်တာ ဗျာ ။ ဂျပန်ဆိုတာ သူတို့ ဆီမှာ တစ်နာရီ အလုပ်လုပ်ရင် ယန်းရှစ်ရာ (ရှစ်ထောင်ကျပ်ခန့်) အနည်းဆုံး ရတဲ့နိုင်ငံဗျ ။ သူတို့ က သူတို့ ဖုန်း ဘေလ်ကို အသာလေးပေးနိုင်တယ် ။ သူတို့အစိုးရဆိုတာ လဲ ပြည်တွင်း ကုမဏီ က ပြည်ပ က လာလုပ်တဲ့ ကုမဏီတွေထက် သာအောင် လိုက်မှီအောင် အားသွန်ခွန်စိုက် အားပေးနေတဲ့ အစိုးရဗျ ။ ဂျပန် က တောဆိုလဲ ခင်ဗျားတို့ ရောက်ဖူးရင် သွားကြည့်လိုက်ဗျာ .. သဘောပေါက်သွားလိမ့်မယ် ။ အဲ့တာမျိုး နှိုင်းပြီး ဂျပန်တွေက မှ ပိုပြီး မျိုးချစ်စိတ်ဓါတ်ရှိတယ် ဆိုတာကတော့ ကျနော် အသည်းပေါက်အောင် နာတယ် ဗျ။

             ထပ်ပြောမယ် ခုကျနော်ပြောနေတာ ခင်များတို့ ကျနော်တို့လို တတ်နိုင်တဲ့လူတွေ ဖေ့စ်ဘွတ်ကို မတက်တဲ့ ကြားကနေ ပိုက်ဆံ အကုန်ခံနိုင်ပြီး ဖုန်းပွတ်နေတဲ့ လူတွေ ၊ MPT အင်တာနက် မသုံးရလဲ ရုံးမှာ အိမ်မှာ မထူးမခြားနား Redlink တို့ဘာတို့ ဝယ်သုံးနိုင်တဲ့လူတွေ အတွက်ပြောနေတာ မဟုတ်ဘူး ၊ အင်တာနက်ဆို ဘာကြီးလဲ လို့ မေးဖို့ အသာထား ဖုန်းလေး ဆက်ဖို့ကို အပျော်ကြီးပျော်နေတဲ့ မြန်မာလူမျိုး စစ်စစ် တွေ အကြောင်းကိုပြောနေတာ နော်။

             ထားပါလေ ။ အဲ့လိုလူတွေ အဲ့လို မျိုးအခြေအနေတွေရှိနေတာကို သိပြီးသွားတာတောင်မှ ခင်များ က ကုလား ကုမဏီ ကို မဝယ်ခိုင်းချင်သေးဘူးဆိုရင် ။ ကျနော်ပြောမယ် ၊ ခင်များ ကိုယ်တိုင် ရှာထားတဲ့ ပိုက်ဆံတွေထဲ က အပုံ သုံးဆယ်ပုံ တစ်ပုံ ပဲ ကျနော့်ကို လာပေး ၊ ကျနော် အဲ့လို ပိုက်ဆံတွေစုပီး အဲ့လို မြန်မာတွေကို ခင်များတို့ ပြောနေတဲ့ မျိုးချစ် မြန်မာ တွေက ရောင်းတာကိုပဲ ဝယ်ပြီး သွားလှူချင်လို့ ၊ ကျနော်လဲ အလှူထည့်ပါမယ် ။ လစဉ်လတိုင်း ဖုန်းကတ်ဝယ်ပေးမယ်ဗျာ ၊ ခင်များတို့ လတိုင်း အဲ့လိုပဲ ထည့် ၊ ကုလားဆန့်ကျင်သူတွေ များပါတယ် ၊ အဲ့ကရတဲ့ငွေတွေက ရန်ကုန်မှာ ရှိတဲ့ ဆင်းရဲသား တစ်ရာမှာ တစ်ယောက်တော့ ဖုန်း ကိုင်နိုင်မှာပါ ။ ဘယ်လိုလဲ မျိုးချစ်ဆရာ ၊ ဆရာမကြီးတို့ ၊ အဲ့လို အလှူလုပ်ချင်ရင် အချိန်မရွေး ကျနော့ကို ဆက်သွယ်ပါ ။

            အဲ့လို မလုပ်ပဲ MPT ကို ဈေးလျှော့ပေးရေးတို့ ဘာတို့ ဆန္ဒပြပွဲပဲ လုပ်မယ် ဆိုရင်တော့ အဲ့ဒိဆင်းရဲသားတွေ တစ်နေ့ လုပ်အားခ ပေးနိုင်ရင်တော့ တစ်မျိုး စဉ်းစားကြတာပေါ့ဗျာ။

Wednesday, July 30, 2014

Xiang Ni De Ye

Yesterday I was listening to a Chinese song called , Xiang Ni De Ye by Guan Zhe (想你的夜 - 关喆) which draws my attention when i happened to hear in a local singing competition and I really am into that song leaving me with the desire of looking it up on internet.

I did find it and i enjoyed so much the original which is great. I looked up the lyrics also so that i can sing along. The lyrics are also beautiful ..

Below are the lyrics in Burmese scripts .. not the translation... read the words and listen the song ... so that you can sing along .. cool ....



ဖန်း ရှိုး နာ ထျန်း
ဝေါ် ခန် ဂျား နိ ကျွှန် ယွမ်
ဆို ယွမ် ချို နို ဟွမ် ချို လ ကျူး ထျန်း
ဒူ ကျိ ရှို စိုင်း ခွန် တိုင်း ဒ ဖိုင်း ကျန်း
အိုင်း ယူ ထုံ ဇိုင်း ဝေါ် ရှင်းလီ ချိုးချန်
ဝေါ်မန်း ဒ အိုင်း ဆွတ်ထိုင် လိုက်ချင်ထျန်း
ရှီ ဘူ ရှီ ဝေါ် ထိုင် ကျိဆီိ လိုင်း ရီတျန်း
ရူ ဂူအိုင်း ခွတ်ရီ ချွှတ်လိုင်း
ဝေါ်ဟွေဝေနီ ဖန်းချီ ရီထျန်း
ရှောင်နိ ဒရန်း
ဒို ရှီ ဝန် နီ နန် ဇိုင်း ဝေါ် ရှန်း ဗြန်း
ပူဂျီသောက် နီ ရှင်းလီ ဟိုင်းနန်းဖော ဝေဝေါ် ဂိုင်းဗြန်း
ရှောင်နိ ဒ ရန်း
ချွှန် နီ ရန်း ဝေါ် ဇိုင်း အိုင်း နီရီ ဗြန်း
ရန်းအိုင်း ဇိုင်းဟွေးသောက် ရန် ဒျန်း
 

Here is the link to the lyrics in Pyinyin :D Enjoy !!!!

Monday, July 21, 2014

My Koala

           I've got 2 cute Koalas from 2 of my friends from Australia ... :D
One was given to me by my Australian friend in March . It is cute of cuz with a little Aussie flag holding in its hands .... and it's like looking back at me :D

             The other one was the same design but with a Boomerang in its hands ... One of my colleagues who came back from Australia has given it to me. It was also adorable .. I keep these two at my desk and they are like watching me everyday. 

My 2 Koalas :D

Thursday, July 17, 2014

Walking down the street

        It's always good to walk instead of taking bus or taxi , at least to me , because I get to see the things that I don't see if i am in the bus or taxi or whatever... Just walking and seeing random things that come to your eyes are just amazing ... you see the people , the park , the statues , the roads , the streets , the kids playing , the vendors , the gardens , the sky , the could , the tress , the greens , the cars , the buses , everything that you have not noticed before ......
       Yesterday I walked and I found a bronze (or brass I am not sure , whatever) statue in front of the National Museum on Pyay Road.. Here is the picture


Bayintnaung Statue at National Museum
         The statue is Bayintnaung , the Burmese Kings who was so powerful at his time and built the empire very big....

And I also saw the Shwedagon pagoda from the view of the Pyay Road which is a bit far to see the pagoda... but it looked nice with the People's Square and the pagoda on the hill.
Shwedagon Pagoda


Good to be walking :D

Wednesday, July 9, 2014

How to Train your Dragon 2

            Yahooo !!! Today i am gonna watch the movie How to Train Your Dragon 2 ... Yay ...Looking forward to it :D Some said it was fantastic but some say not very good and just a typical film ... anyway had to go check that out :D will have to write about it in next post ,,,

Monday, July 7, 2014

Mario by Ni Ni Khin Zaw

              I've always loved Ni Ni Khin Zaw for her such amazing talent of singing and her expressions while singing is just perfect , at least to me :) Her album , Mario , is the really good album to listen to. For me , I love every single track of this album since it was released. The genre are well blended , pop , R&B , things like that.
            Since I liked her since debut , I listened to all of these tracks and I fell in love with them. Some of my favorites are ''Yet Set Thwer Thu'' , A Thae Ma Kwel Br Nae'' , '' Myaw Lin Chat Ta Sone Ta Yar'' , and a couple of others.
            Today , I watched the MTV which I bought last Sunday. It was not that nice. Some MTV are much like the Korean ones which is not a bad thing thou. For me , I prefer the songs to the MTVs. But not boring at all to watch them until the end as I can enjoy her music still .. The MTVs do not definitely destroy the songs and the themes of the songs.
           Primarily , I bought the MTVs not because I want to enjoy them , but because I want to support her .. So , not have the perfect shoots do not bother me at all :D
           Mario by Ni Ni Khin Zaw ... Super :D

Sunday, July 6, 2014

Monday Disease

         Right now , I feel like I was going to dive into the bed and sleep for 12 hours straight. I just hate Mondays, I only slept last night at 4 am and had to get up at 7 am in the morning. I was reading the books. I finished 2 books last night. I knew that I was gonna have to sleep early but I really wanted to read these books. That's why I finished that 2 medium-sized travelogue books by Atta Kyaw. And that was good.
          One of the 2 books I have read is called '' Taw Thar Le Ma Hote Naing Br Khin Yel'' by Atta Kyaw. It is a kinda travelogue and the writer expressed about his very first experiences of traveling abroad with a sense of humor. It was amusing to read that and as it is not too long , it is not boring at all. It was about his experience of traveling to KL , Malaysia and there are things to be noted. It was fun over all reading that book :D
         The other book was ''Kyun Pyan , Pee Kin Pyan'' by the same author. Apparently , it is also a travelogue book on Co Co Island and to Beijing , China. So there was 2 parts , a travel to Co Co Island , Myanmar and to Beijing , China. He went to the island along with his classmates and went there by a ocean liner. According to the writer it was a big ship which can accommodate 400 passengers at a time. That is a big ship I can imagine. The writer brought her son too. Almost every one got sea sick in the ocean. And coincidentally , there were altogether 9 writers , including Dr. Khin Maung Nyo , Nan Ei Ei Zar and etc., There were some small problems on the ship.
          When they got to the island , there were only a few islanders lived there, the population at that time is 1111. I think that figure increased nowadays. They donated money to the village. It also is a good travelogue.
           The other part of this book is about Beijing. The weather is so intense then in Beijing .. It says -7 so it is so cold for us. There were about some bargaining in Beijing markets and it was notable.  The visited The Forbideen City and Great Wall and also some Shopping Malls. That was also amusing and make me read thru to the end.
            I finished reading them at 4 am ... and I was deadly sleepy and fell asleep right away. And here I am , at the office with dizziness :$ 
            Monday Monday ... u give me headaches :$

Thursday, July 3, 2014

Riots and Curfew in Mandalay

          A curfew was imposed yesterday 3 July 14 in Mandalay after the unrest and conflict between Burmese and Muslims. The news said the conflict began by the news of a raped girl by a Muslim tea shop keeper. There are some destruction of the shops and window crush of a mosque. 2 people died , a Burmese and a Muslim during the riots.
            Obviously , this is not the first time of the conflict between Burmese and Muslims. What a sad news to hear.

Blogging in English again

            Yes , I am writing my blog in English again. I have written my blog in Burmese since I have started this blog. I used to write the English blogs when I was using the other blog platform. But now I feel like writing my blogs in English again as I have found some interesting blogs and they inspired me to write my blogs in English.
             Actually, I feel more comfortable to write in English :) It's more efficient , easier to type anywhere and readable anywhere. No additional fonts are needed. 
             So, I think I be writing my blogs in English and also in Burmese as well. As how I feel like. Writing in Burmese is not bad at all. I once wrote in my old blog that writing in my native language took so much time to review. I was like I didn't like the writing style , choice of words , or things like that. But when I write in English , i just go with the flow and not looking back so many times what I have written. So it goes really easy.
           Let's keep blogging :D

Tuesday, July 1, 2014

Iron Cross Show in Yangon

              ပြီးခဲ့တဲ့ စနေနေ့ က IC show သွားကြည့်တယ် . ၂၉ ရက် ခြောက်လပိုင်းကပေါ့ ။ အရမ်း ကောင်းတယ် ။ အိုင်စီပွဲကတော့ ပထမဆုံး သွားကြည့်ဖူးတာဘဲ ။ ၅ ခွဲလောက် ကတည်း က ပွဲကျင်းပ တဲ့ ဆီ Myanmar Event Park ကိုရောက်သွားတယ် ။ လက်မှတ်ကတော့ မဝယ်ရသေးဘူး ။ လက်မှတ်တွေ က တစ်သောင်း ၊ နှစ်သောင်း ၊ သုံးသောင်းဆိုပြီးရှိတယ် ။ သူတို့ က The Best  International ဆိုတဲ့ ကုမ်မဏီ က လုပ်တာ တဲ့ ..။ အဲ့ ကုမဏီက ရောင်းတဲ့ ဆေးဘူးတွေကို ဝယ်ရတယ် ။ အဲ့တာမှ လက်မှတ်တွေ ကို အလကား ပေးတာ ။ သုံးသောင်းတန် က ကြည့်ဖြစ်တယ် ။
           လက်မှတ်ဝယ်ပြီးနဲနဲ စောသေးတော့ ဆိုင်တစ်ဆိုင် မှာထိုင်ကြတယ် ။ ရုံး က အမတစ်ယောက်ရယ် ၊ သူ့သူငယ်ချင်းတွေရယ် အားလုံး ပေါင်း ငါးယောက် ကြည့်ကြတာ ။ ကြာဆံကြော် စားတယ်သိပ်မကောင်းဘူး ။ ရောင်းတန်း ဘဲ ။
           ၇ နာရီ ထိုးခါနီးတော့ ရုံထဲဝင်ကြတယ်။ မိုးရာသီဆိုတော့ ရှိုးပွဲက  ရုံထဲမှာ လုပ်တာ ။ ဝင်နေတာ တန်းစီတုန်း ဘဲ ရှိသေးတယ်။ မိုးတွေရွာလာတယ် ။ လူတွေကလဲ တိုးနေတယ် ။ အထဲရောက်တော့ နဲနဲတော့ စိုသွားတယ် ။ အများကြီးတော့ မဟုတ်ဘူး ။ အဲ့ဒါ နဲ့ ခုံရှာပြီး ထိုင်ကြတယ် ။ ဒုတိယ တန်းလောက်မှာ ရတယ် ... ရှေ့မှာ တော့  VIP သုံးတန်းတော့ ရှိသေးတယ် အဲ့တော့ စင်ကနေ ရေရင် ငါးတန်းမြောက်ပေါ့ ။ အိုင်စီ သီချင်းတွေ ဖွင့်ထားတယ် ။ နားထောင်လို့ကောင်းတယ် ။
          ၇ နာရီ ခွဲကျော်လောက်မှ စဖြစ်တယ် ။ ရှိုးက အငဲ အရင် ဆိုတယ် .. ကောင်းပါတယ် ။ ဘာသီချင်းတွေ ဆိုလဲတော့ မသိဘူး ။ ခေါင်းစဉ်တွေမှ မသိတာ . ကောင်းတော့ ကောင်းတယ် ။ အငဲပြီးတော့ ဝိုင်းဝိုင်း တက်လာတယ် .. သူလဲ သုံးပုဒ်လောက် ဆိုတယ်။ ပြီးတော့ မျိုးကြီး ပြီးမှ လေးဖြူ  ။
တစ်ယောက်ကို သုံးပုဒ်ဆီလောက် ဆိုပြီးတော့ ပထမပိုင်းပြီးသွားတယ် ။
          စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတာ က ပွဲအစလောက်မှာဘဲ အလယ်လျှောက်လမ်းမှာ လူသုံးလေးယောက်လောက် လာရပ်ပြီးကြည့်နေတယ် ။ အကုန် လုံး က ခုံတွေနဲ့ ထိုင်ကြည့်နေတာဆိုတော့ သူတို့ က အရှေ့ အလယ်ခေါင်မှာ ရပ်နေတော့ နောက်ကလူတွေက ဘယ်မြင်ရတော့ မလဲ ။ လုံခြုံရေးတွေလာပြောတော့လဲ ဒီတိုင်းနေနေတယ် ။ မဖယ်ပေးဘူး ။ မချေမငံ ပြန်ပြောနေတယ် ။ ဘယ်လိုလူတွေလဲတော့ မသိဘူး
           ဒီကြားထဲ လက်မှတ်အလကား ရလို့ လာကြည့်တာလား ၊ သားသမီး ကြည့်ချင်တယ်ဆိုလို့ လိုက်လာပေးတာလား မသိဘူး .. အဒေါ်ကြီး နှစ်ယောက် က အိပ်ပျော်လို့ ဆူညံပွက်လော ရိုက်နေတဲ့ ကြားမှာ အိပ်တယ် ... ။
         ဘာပဲဖြစ်ဖြစ် ကြည့်လိုက်ရတာတော့ တန်ပါတယ် ။ 


Thursday, June 26, 2014

My Poem :P

ငါ့ကဗျာ

--------------------------

ကဗျာ
ကယာနဲ့ပေါင်းတဲ့ ကဗျာ (ကပျာ) ပဲသိတယ်
သံစဉ်
အမေ ဟိုနေ့ကဝယ်ဘာတယ်လေ (သံစင်)
ကာရန်
ကာရားရဲ့ ညီအငယ်ဆုံး
လေးချိုး
ရာမ လေ လေးကိုသွားချိုးတာ (တကယ်က ဖွန်ကြောင်တာ)
သံပေါက်
ဒန်ပေါက်ပဲကြိုက်တယ်

ခရီးအရမ်းသွားချင်နေပါသည်

            ခရီးအရမ်းသွားချင်နေပါသည် နိုင်ငံခြားခရီး ထွက်ရရင် ကောင်းမှာဘဲ လောလောဆယ် သွားချင် နေတဲ့ နေရာတွေ အရမ်းများနေတယ် ။ စင်ကာပူသွားချင်တယ် .. သူက နီးတော့ သွားလို့ လာလို့လွယ်တယ် လေယာဉ် ခလဲ ဈေးမကြီး ဘူး ။ ပြီးတော့ သူငယ်ချင်း တစ်ချို့ လဲ အဲ့မှာ ရှိတယ် ..
ဒါမဲ့ သိပ်တော့လည်စရာ ပတ်စရာ သိပ်မရှိဘူး .. အော့ချာ့ရ် ရယ် စန်တိုဆာ ရယ်ဘဲ ရှိမှာ ယူနီဗာဆယ် စတူဒီယိုတို့ ဘာတို့ တော့ ရှိတာပေါ့ ။ သိပ်ပြီးတော့ မသွားချင်ဘူး ... တခြား လည်စရာတွေတော့ ရှိမှာပါ  သေချာတော့ မသိဘူး ... သွားရင်တော့ ခုလောလောဆယ် ဖြစ်နိုင်တဲ့ အထဲမှာပါတယ်
           ပြင်သစ်လဲ သွားချင်တယ် သွားရင် ပါရီ မကဘူး အကုန် သွားချင်တယ် ဘော်ဒို တို့ တူးလုစ် တို့ပါ သွားချင်တယ် ပြင်သစ်တောပေါ့ ပျော်စရာကြီးနေမှာ .. ပြင်သစ် စာသင်ဖူးတဲ့လူတစ်ယောက်ဆိုတော့ ပြင်သစ် ကို သွားချင်တာ အဆန်းတော့ မဟုတ်ပါဘူး ။ ပြင်သစ် နိုင်ငံရဲ့ ယဉ်ကျေးမှု တွေ သမိုင်းတွေက လဲ စိတ်ဝင်စားစရာကောင်းတယ်လေ ၊ ပြင်သစ်လူမျိုးတွေကလဲ စိတ်ဝင်စားဖို့ကောင်းတယ်
           နောက်ပြီးတော့ သွားချင်သေးတာက အိန္ဒိယ ၊ ဘာလို့လဲ ဆိုတော့ ခုတလော ကုလားကား ကြည့်ဖြစ်နေလို့ လူတွေအများကြီး ရှိတဲ့နိုင်ငံ လူဦးရေထူထပ်တဲ့နိုင်ငံ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမား လွန်းတဲ့ နိုင်ငံ ၊ ကမ္ဘာ့ အချမ်းသာဆုံး သူဌေးတွေရှိသလို ကုန်းကောက်စရာ မရှိအောင် ဆင်းရဲမွဲတေသူတွေ ရှိတဲ့နိုင်ငံ ၊ ယဉ်ကျေးမှု တွေ သမိုင်းတွေ အရှည်ကြီး ရှိတယ် ။
           သွားချင်တဲ့နေရာတွေအများကြီးဘဲ အကုန်သွားချင်တယ်

Wednesday, June 25, 2014

ဂျပန်ကို ပြန်သွားချင်လိုက်တာ

            ဂျပန် ကိုသွားချင်လိုက်တာ ခုန က ဂျပန် မှာတွေ့ခဲ့တဲ့ သူငယ်ချင်းတစ်ယောက် နောက်တစ် ခေါက် ဂျပန်ကို ပြန်သွားတာ မိုက်တယ်
ပထမဆုံးအခေါက် က သူများပရိုဂရမ်နဲ့ သွားတာဆိုတော့ ကိုယ့် စိတ်ကြိုက် မလည်ခဲ့ရဘူး... တိုကျို နဲ့ အိုခီနာဝ ဘဲ ရောက်ခဲ့တယ် ။ ဒါပေမယ့် အရမ်း မိုက်တယ် ဂျပန်က လန်းတယ် .. ပီးတော့ အစားအသောက်လဲ အရမ်းကြိုက်တယ် သူများတွေကတော့ ဂျပန်စာ က ပေါ့တယ်လို့ ပြောတာဘဲ
ဒါပေမယ့် ကျွှန်တော်ကတော့ ကြိုက်တယ် တွေ့သမျှ စားရသမျှ တွေထဲ မှာ မကြိုက်တာ မရှိသေးဘူး ။ အရမ်းကောင်းတယ် ... မေလ ကုန်  ဇွန်လ သွားလို့လား မသိဘူး ရာသီဥတု က အရမ်းကောင်းတာဘဲ မအေးလွန်း မပူလွန်း နဲ့ နေလို့ ထိုင်လို့ အရမ်းကောင်းတယ်
            ပြီးတော့ ဂျပန် လူမျိုး တွေက အရမ်း ခင်ဖို့ကောင်းတယ်။ ယဉ်ကျေးတယ် ၊ သူများတွေကတော့ အဲ့ဒါ ဟန်ဆောင်တာလို့ ပြောကြတယ် . ဟန်ဆောင်တယ် ဆိုရင်တောင် ကောင်းတာကို ဟန်ဆောင်တာဘဲ လေ ၊ အရမ်း ကြိုက်တယ် ။ ဂျပန် မှာ လည်စရာ နေရာတွေလဲ အများကြီးလေ ၊ သူတို့ဆီက ပြတိုက်တွေဆိုတာကလဲ အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒို ပြတိုက် ဆိုတာလဲ ရှိတယ် တိုကျိုမှာ ... သူတို့ ရိုးရာ တွေ ယဉ်ကျေးမှုတွေ အကုန် ပြထားတယ် ၊ ကြည့်ရတာ အချိန် တောင်မလောက် ဘူး ။ ပြီးတော့ သိပ္ပံ ပြတိုက်တွေလဲ ရှိတယ် ၊ နည်းပညာ နဲ့ ပက်သက်တာတွေ အကုန် ကြည့်လို့ရတယ် စိတ်ဝင်စားဖို့ကောင်းးတယ် ။
         အိုခိနာဝါ က ဒီက ချောင်းသာ လို ငပလီလိုပေါ့ ..ကမ်းခြေ တွေ ရှိတယ် ... ရာသီဥတု က ရန်ကုန်နဲ့  သိပ်မကွာဘူး .. နေသာထိုင်သာရှိတယ် . . အိုခီနာဝါ မှာအမေရီကန် စစ်တပ်တွေ ရှိတယ်ဆိုတော့ အမေရီကန် လူမျိုးတွေ အများကြိး တွေ့ရတယ် .. ပင်လယ် က အရမ်းလှ တယ် ။ ပြီးတော့ သူတို့ ဆီမှာ ဆူနာမီတို့ လိုမျိုး လှိုင်းတွေကြီးတတ်တော့ ရေစပ် တွေမှာတြိဂံ လိုလို အက်တမ် လိုလို ကျောက်တုံးအကြိးကြီး တွေ ချထားတယ် ကျောက်ဆောင်တွေ အစားပေါ့ ... အဲ့ပေါ်တွေတက်ပီး ဓါတ်ပုံရိုက် ပင်လယ်ကြီး ကို ကြည့်ရတာ မိုက်တယ် ။
          ဂျပန် မှာ က အားလုံးသိတဲ့အတိုင်း နေရာတိုင်း အရမ်းသန့်တယ် ။ အမှိုက် လုံးဝ မရှိဘူး ။ ကြည့်လိုက်ရင် လမ်းတွေဆိုလဲ ဖြုးနေတာပဲ ... ပြိးတော့ လမ်းတွေကလဲကျယ်တယ် .. ဂျပန်မှာ စက်ဘီးတွေလဲ စီးကြတော့ လမ်းတွေက ကားတွေအပြင် စက်ဘီးတွေ အတွက်လဲ လမ်းသက်သက်ရှိတယ် ... လူတွေက စက်ဘီးစီးပီး အလုပ်သွားကြတယ် ... ရှင်းခန်းစန်း လို့ခေါ်တဲ့ နာမည်ကြီး ကျည်ဆန်ရထားတော့ မစီး ခဲ့ရဘူး .. သူတို့ပရိုဂရမ်ထဲမှာ မပါလို့လေ။ နောက်တစ်ခေါက်ရောက်ဖြစ်ရင်တော့ ရှင်းခန်းစန်း စီးပြီး သွားရတဲ့ မြို့ကို သွားးလည်မယ်
         နာရာဆိုတဲ့ မြို့လဲ သွားလည်ချင်သေးတယ် ပြီးတော့ တိုကျိုမှာ ဆိုရင် တိုကျို မျှော်စင် သွားလည်မယ် .. နာရိတာ လေဆိပ်နဲ့ တိုကျိုမြို့ ကို သွားတဲ့လမ်းမှာ ရှိတဲ့ ဒစ်စနေလန်းဒ် လဲ သွားလည်ချင်တယ်

          နောက်တစ်ခေါက်တော့ ရောက်အောင် သွားဦးမယ် .. ဂျပန် ကို ... ပျော်စရာကြီး


Monday, June 9, 2014

Maleficent သွားကြည့်မယ်

ဒီနေ့ ညနေ ဂျို လီ ကားသွားကြည့်ဖို့ လက်မှတ်ဝယ်ပြီးသွားဘီ
သူများတွေကတော့ ကောင်းတယ်လို့ ပြောတာဘဲ
မိုးရွာနေတော့ ပိုကြည့်ကောင်းမယ် ထင်တယ်

Thursday, June 5, 2014

Taxi drivers in Yangon

Taxi drivers in Yangon ,

1) will ask you way more charges than it is supposed to be
2) always take the excuse of the traffic for demanding that much which is just ridiculous
3) you will have to let go at least 2 or 3 taxi before you get the right one
4) the cars can probably be very outdated , but more new cars coming in
5) don't ever expect an air-conditioned one , if you got one that is a great achievement
6) some crazy drivers don't know even a typical place and you will have to show them the way
7) they smoke while driving believing that it is a perfectly right thing to do
8) they will even take another passengers (if rooms left) without asking your permission
9) some will talk to you crazily and asking very stupid and inappropriate questions like ''how much your monthly salary is ?'' (more than 3 taxi drivers have asked me that question as far as i could remember)
10) will tell you how bad his life or how much less money he makes a day which i just genuinely don't wanna know at all.
11) will tell you how terrible other drivers are and that he is the best driver in the whole damn world
12) will tell you the politics like he knows all about the country

and there are even more weird things :S

It needs to open a training school of how to be a decent taxi driver

not being offensive just telling what i have been experiencing ... of course not every taxi driver does these things

Sunday, May 25, 2014

ပြင်ဖို့လိုတဲ့ရွှေကျင့်များ

ဒီနေ့ Sule Shangrila (Traders) ဟိုတယ် ကို အမှတ်မထင်ရောက်သွားတယ်
ရုပ်ရှင်ကြည့်ဖို့ မြို့ထဲ မှာချိန်းထားတုန်း အချိန်လိုသေးတော့ အတူသွားတဲ့ အမ တွေက အဲ့မှာကော်ဖီ ဝင်သောက်မယ် ဆိုပီး ဝင်သွားမိ ပါတယ်။

ပထမ ကိတ်ကောင်တာကို သွားကြည့်တယ် .. ဘာမုန့်တွေ ကိတ်တွေရှိမလဲလို့ပေါ့ ကိတ်ကောင်တာက ကောင်မလေးက လှည့်တောင်မကြည့်ဘူး သူ့ဘာသာသူ လုပ်စရာ ရှိတာတွေ လုပ်နေတယ် ... ဝယ်စားမယ့်လူတွေလဲ မဟုတ်ပါဘူးလို့ ထင်နေလားတော့ မသိပါဘူး
ကျနော်တို့လဲ ဟိုကြည့်ဒီကြည့်နဲ့ လော်ဘီဘက်ပြန်ထွက်လာကြတယ် .... ဒီမှာ သောက်ရင် ကောင်းမလား ပါ့ဆန် က ဘာဘွန်းသွားရင်ကောင်းမလား ဆိုပြီး စဉ်းစားရင်းနဲ့ပေါ့
နောက်ဆုံးကျတော့ ဒီမှာဘဲ သောက်တော့မယ် ရုပ်ရှင်ရုံနဲ့လဲ နီးတယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ် ။

အဲ့ဒါနဲ့ လော်ဘီ ကိုသွားထိုင်ကြတယ်.... ဝိတ်တာကို လှမ်းခေါ်လိုက်တယ် ... ဝိတ်တာလေးတွေက မိန်းကလေးတွေပါ .. ခေါ်လိုက်တော့ လာတယ် ..... လာတာကို မီနူး ယူမလာဘဲနဲ့ လာတယ် ... မှာမဲ့လူတွေလဲ မဟုတ်ပါဘူး ဆိုတဲ့ မျက်နှာပေး ကိုလှမ်းတွေ့လိုက်တယ်။ အော် မီနူးတွေ က အလွယ်တကူ ယူလို့ ရလောက်တဲ့ နေရာမှာ မရှိသေးလို့နေမှာပါ ဆိုပြီး နားလည်ပေးလိုက်ပါတယ် ။

အဲ့ဒါနဲ့ ကော်ဖီမှာလို့ရလားဆိုတော့ ရတယ်တဲ့ .. အဲ့ဒိအထိ မီနူး ကို ယူမပေးသေးဘူးနော် .. မှာ ဆိုတဲ့ အပေါက်ပဲ .... ပြောလိုက်ချင်ပေမယ့် မပြောတော့ပါဘူးဆိုပြီး သောက်နေကျ ကာပူချီနို နဲ့ ပါလာတဲ့ အမ နှစ်ယောက်ကလဲ တစ်ယောက်ဆီ မှာလိုက်ပါတယ် ...

ပြီးတော့ ဟိုကိတ်ကောင်တာမှာ တွေ့ခဲ့တဲ့ ခွားဆွန့် စားချင်တယ်ဆိုပြီး ခွားဆွန့် ၃ ခု မှာလိုက်တယ်
အဲ့တော့ ကောင်မလေးက ပြန်ပြောတယ် .... ၁၀ နာရီခွဲကျော်သွားလို့တဲ့ ခွားဆွန့် မရပါဘူး တဲ့ ကွတ်ကီးဘဲ ပေးပါတယ်တဲ့ ... ပြောလိုက်တာ က ဘယ်လို အဓိပါယ်နဲ့ ပြောလဲ တော့ မသိဘူး ကျနော်တို့တွေ ကြောင်သွားတယ် .... ကျနော်တို့ က ကော်ဖီ မှာ ပြီး ခွားဆွန့် ဘဲ အလကားတောင်းစားနေသလိုလို ..... ခွားဆွန့် မရှိတာကို ဘဲ အတင်းမှာနေသလိုလို တော်တော်ကြောင်သွားတယ်

အဲ့ဒါနဲ့ ပါလာတဲ့ အမက ပိုက်ဆံနဲ့ ဝယ်စားမှာလေ .. သတ်သတ်မှာစားတာ ဆိုပြီး ပြောလိုက်တော့ အော် ဟုတ်ကဲ့ဆိုပြီး ရပါတယ် ဆိုပြီး ပြောသွားတယ် ... ထားလိုက်ပါ ... ဒါမျိုးတွေ က ဒီလိုလူမျိုးတွေ စိတ်ထဲ မှာ ရှိနေကျဆိုပြီး အေးအေးဆေးဆေးဘဲ စကားပြောနေလိုက်တယ်

အဲ့ဒါနဲ့ ကော်ဖီလာချပါတယ်.. မုန့်လဲ ပါလာတယ်ပေါ့ .... ပြီး ခဏနေတော့ ရေ လာချတယ် .. အော် ကောင်းတယ်ပေါ့ မဟုတ်ရင်တောင် ရေလှမ်းတောင်းမလို့ ဆိုပြီး သန်းခရူးတွေဘာတွေတောင် လုပ်လိုက်သေးတယ် 

စကားပြောနေတာပေါ့ .... ဟိုတယ်ဆိုတော့လည်း နိုင်ငံခြားသားတွေ လာတာပေါ့
အဲ့မှာ သတိထားမိတာက လာတဲ့ နိုင်ငံခြားသားတိုင်းကို အဲ့ဒီ ဝိတ်ထရက်စ်လေးတွေဘဲ ပျာပျာသလဲ ကြိုပြီး ရောက်လာပြီး ထိုင်တာနဲ့ ရေတစ်ခွက်လာချပေးတယ် ....ပြီးတော့ မီနူးလေးတွေ ကိုင်ပြီး ရိုရို သေသေလေးတွေ အော်ဒါ ယူနေတယ်လေ .. အော် ဆားဗစ်စ် ဆိုတာ ဒါမျိုးလားဆိုပြီး အံ့သြ နေတာပေါ့ ....

ကျနော်လဲ service sector မှာ အလုပ်လုပ်ဖူးပါတယ် လူပေါင်းစုံကိုလဲ ဆားဗစ်စ် ပေးဘူးပါတယ် ... ဘယ်လူဘဲ ဖြစ်ဖြစ် ကိုယ်လုပ်စရာ ရှိတာကို လုပ်ပေးလိုက်တယ် .. ဖြူဖြူ မဲမဲ ဝါဝါ ညို ညို .. ကိုယ် ဆားဗစ်စ် ပေးရမယ့် လူ ... ကိုယ့်ဆီ လာပြီး ပိုက်ဆံပေးနေတဲ့လူ .. ပိုက်ဆံ ပေးတဲ့လူ မဟုတ်ဦးတော့ .. ကိုယ့်ဆီလာတဲ့လူကို လေးလေးစားစားဆက်ဆံပြီး ဝန်ဆောင်မှု ပေးရမှာ ကိုယ့် အလုပ်လို့ဘဲ ခံယူထားတယ်

အဲ့အကြောင်းတွေကို ပြောနေတုန်းဘဲ ....... အဲ့ ကောင်မလေးကို တွေ့လိုက်တယ် မျက်စောင်းထိုး စားပွဲ မှာ လေ တရုတ် တစ်ယောက်ကို ဒူးထောက်ပြီးတော့ စကားပြောနေတယ် . ဟိုတရုတ်က ဘာတွေပြောနေလဲ တော့ မသိဘူး ... မကြားတော့မကြားရဘူး ... မီနူးကတ်လေးကို ကြည့်ပြီးတော့ မှာနေတာဘဲ နေမှာပေါ့ ... ဒါပေမယ့် သူ ဘာလို့ ဒူးထောက်နေတာလဲ စဉ်းစားလို့ကို မရဘူး ... လော်ဘီဆိုတော့ dining table တွေမဟုတ်ဘူး .. coffee table တွေကို ကြိမ် ကုလားထိုင်တွေနဲ့ ရံထားတာပေါ့ ... သူ ဒူးထောက်လိုက်ရင် ထိုင်နေတဲ့ လူရဲ့ လက်မောင်းလောက်တော့ ရောက်သွားတာပေါ့ .... မတ်တပ်ရပ်ပြီး အော်ဒါ ယူရင် ဘာဖြစ်လို့လဲ မသိပါဘူး .. ဆားဗစ်စ်ကို လူမျိုးခြား ဆိုတော့ အပြည့် ပေးချင်တဲ့ အပြင် အပိုပါပေးနေသလား မှတ်ရတယ် ...ပြောလဲပီးသွားတော့ အဲ့တရုတ်နဲ့ လက်ဆွဲ နှုတ်ဆက်လိုက်တယ် ... ဝိတ်တာ နဲ့ ကပ်စတမ်မာ ကော်ဖီမှာတာ လက်ဆွဲ နှုတ်ဆက်စရာ လိုလို့လား ဆိုတာ တော်တော် အဖြေထုတ်လိုက်ရတယ် ... အဲ့ကောင်မလေး မျက်နှာကလဲ ပြုံးရွင်လို့ .....

တော်တော် လေးကို စိတ်ပျက်သွားတယ် .. ဒီလို စိတ်ဓါတ်မျိုးနဲ့ ဒီလို အပြုအမူတွေနဲ့ ဘယ်လိုများ အလုပ်လုပ်နေတာ လဲ လို့လဲ  အံ့သြ သွားရတယ် ..

ဘာမှတော့ မပြောခဲ့လိုက်တော့ ပါဘူး ... ပြောပြန်ရင်လဲ ပြောသူ့အလွန် ဖြစ်ပြန်မယ် ........ ရွှေတွေလေ ရွှေတွေ ..... သီချင်းလေးပြန်ကြားယောင်တယ် ... ဒါ တို့ပြည် ဒါတို့မြေ တို့ ပိုင်တဲ့မြေ .........

Sunday, May 11, 2014

Watching Yangon

စကော့ဈေးရှေ့က Bar Boon လို့ ခေါ်တဲ့ ကော်ဖီဆိုင်လေး မဆိုးဘူး
လက်တေး ကော ကပူချီနို ကော သောက်ခဲ့တယ် ကောင်းတယ်
အကောင်းဆုံးကတော့ ထဲရေ့မှာထိုင်ပြီး လူတွေကို ကြည့်ရတာဘဲ
လူတွေက အများကြီးလေ လူကြီး ကလေး ယောက်ျား မိန်းမ အကုန်ဘဲ ရွယ်စုံ ဘဲ
သူတို့ တွေ လှုပ်ရှားသွားလာ နေတာကို ကြည့်ရတာကို က ကျနော့ အတွက် အရသာလေ
ကော်ဖီလေးသောက်လိုက် သီချင်းလေးနားထောင်လိုက် နဲ့ ဇိမ်ဘဲ ....
တစ်ခုဘဲ ကော်ဖီဆိုင် က သီချင်းတွေကို အကျယ်ကြီးဖွင့်ထားတယ်
စင်တာ မှာ က တော့ ပရိုမိုးရှင်း တစ်ပွဲ ရှိနေတယ် စင်တာ က ဘဲ ဖွင့်တာလား ကော်ဖီဆိုင်ကဖွင့်တာလား တော့ မသိဘူး တော်တော်ကျယ်တယ် ဒီဂျေသီချင်းတွေ ဖွင့်တာကိုး
ဒါပေမယ့် ကိုယ့်ဖုန်းနဲ့ကို နားကျပ်နဲ့ အကျယ်ကြီး နားထောင်လိုက်ရင်တော့ အဆင်ပြေတယ်
ထိုင်ရတာတော်တော်ကောင်းတယ် လေလဲတိုက်တယ်
တစ်ယောက်ထဲ ထိုင်လဲ အဆင်ပြေတယ် ကိုယ့်အတွေးနဲ့ကို ဟိုကြည့်ဒီကြည့်နဲ့




Friday, May 9, 2014

ပထမဆုံးအကြိမ် သွေးလှူ ခြင်း

ပထမဆုံးအကြိမ် သွေးလှူ တဲ့ အတွေ့အကြုံလေး ပေါ့

မနက်အစောကြီး ၆ နာရီ အိပ်ရာက ထပြီး ရေမိုးချိုး ပြီး ၇ နာရီကျော်လောက် အိမ်က ထွက်ခဲ့တယ်
မနက်အစောဆိုတော့ ကားမပိတ်ပဲနဲ့ ၇ ခွဲလောက် သွေးလှူ ဘဏ် ကို ရောက်သွားတယ်
တစ်ယောက်ထဲ ပျင်းလို့ အင်တာနက်ထိုင်သုံးနေလိုက်တယ် ဖုန်းထဲက အင်တာနက်ကို လက်ပတော့ ပေါ်တင်ပြီးတော့ အီးမေးလ်စစ် ဖဘ သုံးနေလိုက်တယ်
 ၈ နာရီထိုးခါနီးလဲကျရော လူနာရှင်က လာတယ် ၁၀ နာရီလောက်မှ လှူ ရမယ်တဲ့ သေရော .. ပြီးရင် ရုံးကိုလဲ ပြန်သွားဦးမှာကို
လာလက်စနဲ့မထူး ဘူး စောင့်လိုက်မယ်ဆိုပြီး ပျင်းပျင်းနဲ့ ဆက်စောင့်နေလိုက်တယ်
ရန်ကုန် ကလဲ သိတဲ့အတိုင်း နေကလဲ ပူ ၊ သစ်ပင်ရိပ်အောက်နေနေပေမယ့် ပူတဲ့ဒဏ်ကို မခံနိုင်ဘူး
အဆောင်ထဲက လဲ အဲကွန်း မရှိတော့ ပူမှာဘဲ
နားကျပ်နဲ့ သီချင်းနားထောင်လိုက် ၊ ဂိမ်းဆော့လိုက် ၊ ဟိုလျှောက်ဒီလျှောက်နဲ့ဘဲ ဆယ်နာရီ ထိုးသွားတယ်

ပြီးတော့ သွေးလှူ လို့ရဘီ ဆိုပြီး သွားတယ်
သွေးပေါင်ချိန်တိုင်းတယ် အကုန်ဆင်ပြေတယ် .ပီးတော့ ကွန်ပျူတာ ကောင်တာကိုသွားရတယ်
အချက်အလက်တွေ ဖြည့်ထားတဲ့စာရွက်ကို ကြ့ည့်ပြီး ကွန်ပျူတာ ထဲ ရိုက်ထည့်တယ်
 ပြီးတော့ လက်ဗွေကို တစ်ဖက် ငါးခါတောင် နှိပ်ခိုင်းတယ် ဘာလုပ်ဖို့လဲ တော့ သိဘူး

ပြီးတော့ သွေးထုတ်တဲ့ အခန်းကို သွားတယ် ။ ခုတင်တွေအများကြီးဘဲ .
ဆရာမ တွေလဲ အများကြီးဘဲ ။ ဆရာမတစ်ယောက် က ထောင့်မှာ ရှိတဲ့ ခုတင် တစ်ခုပေါ် လှဲခိုင်းတယ်
 ပြီးတော့ ထုံးစံအတိုင်း လက်မောင်းမှာ လက်ပတ်ကလေးတစ်ခု ပတ်ပြီး လက်သီးဆုပ်ခိုင်းတယ်
လက်သီးကို ရိုးရိုးဆုပ်လို့ မရဘူး  လက်မကို လက်သီးထဲ ထည့်ပြီး ဆုပ်ရတယ် ဘာလို့လဲ တော့မသိဘူး

ပြီးတော့ သွေးကြောရှာ တယ် ပြီးတော့ သွေးဖောက်တယ်
အပ်ထည့်တာ နဲနဲတော့ နာတယ် ... အပ်က ကြီးတာကိုး
ပြီးတာနဲ့ သွေးအိတ်ကို ခုတင်ဘေးက ခုံလေးမှာ အနိမ့်မှာ ချထားတယ် သွေးတွေ က သွေးအိတ်ထဲ ကို ဝင်နေတာပေါ့ . ခြေထောက်ကိုလဲ ဆင်းခိုင်းထားတယ် .. ထောင်ထားလို့လဲမရဘူး
ပြီးတော့ သွေးအိတ်ကို ကြည့်ချင်လို့ ခေါင်းထောင်ကြည့်တာကို ခေါင်းထောင်လို့ မရဘူးတဲ့ အဲ့ဒါနဲ့ဘဲ မကြည့်တော့ဘူး

ဒီကြားထဲ ကျောင်းသားတွေစာသင်ဖို့ဆိုပြီး သွေးနဲနဲယူမယ် ဆိုပြီး လာယူသွားသေးတယ် ယူပေါ့ ပေးချင်လို့လာလှူ တာ ဘဲ ကို..... 

၁၀ မိနစ် ၁၅ မိနစ်လောက်ဘဲ ကြာပါတယ် ပြီးသွားရော ...... လာဖြုတ်သွားတယ်

ပြီးပြီးချင်း ထလို့မရသေးဘူးတဲ့ ရုတ်တရက် ထလိုက်ရင်ခေါင်းမူးတတ်တယ်တဲ့ ငါးမိနစ်လောက် ခုတင်ပေါ်မှာ နေနေရသေးတယ် နေလိုက်ပါတယ်

ခဏနေတော့ ရပြီတဲ့ ဆရာမတစ်ယောက်က လာပြောတယ်
နောက်လှူ ချင်ရင်လဲ လှူလို့ ရကြောင်း လေးလတစ်ခါ ပဲ လှူ လို့ရကြောင်း အားဆေးပေးလိုက်ကြောင်း တစ်နေ့ တစ်လုံးသောက်ရမည် ဖြစ်ကြောင်း ပြောတယ်

ဟုတ်ကဲ့ ဟုတ်ကဲ့လို့ ဘဲပြောလိုက်တယ် .... ပြီးတော့ ဟိုဘက်ခန်းမှာ မုန့်ကျွှေးတယ်တဲ့ စားသွားတဲ့ စားပြီး ခဏနားပြီးမှ သွားတဲ့ စားချင်ပါဘူး ..... လူုက နဲနဲလေး မဆိုသလောက်လေးမူးနေတာ အပြင် ဘာမှ မှ မဖြစ်တာ အေးဆေးဘဲ ...

အဲ့ဒါနဲ့ ထွက်လာခဲ့တယ် တက်ဆီငှားပြီး ရုံးကိုတန်းလာခဲ့လိုက်တယ် .. ရုံးရောက်ပြီး ခဏနေတော့ ထမင်းစားလိုက်တယ် ... ဘာမှ မဖြစ်ပါဘူး

ပထမဆုံးအကြိမ် သွေးလှူ တာ ကတော့ နှစ်နာရီကျော်စောင့်လိုက်ရတာ ကလွဲလို့ အကုန် အဆင်ပြေပါတယ်
သူများတွေပြောသလို ..... ပီတိတွေတော့ ဖြာမသွားပါဘူး .. ဒီလိုဘဲ ပေါ့ လှူ နိုင်တာ တစ်ခုကို လှူ လိုက်တယ် ဘဲလေ ....

အဆင်ပြေပါတယ်

Sunday, May 4, 2014

ဘလော့ ရေးခြင်း

ဘလော့ကို ဘာလို့ရေးတာလဲ
ကျနော်ကတော့ ခုဘလော့ ကတော့ ကိုယ့်ဘာသာ ကို ရေးချင်တာလေးတွေ မှတ်ချင်တာလေးတွေ
စိတ်ထဲရှိတာလေးတွေကို မှတ်မှတ်သားသားလေး ရှိအောင် ရေးတာပါ
ဒီဘလော့ ကို ကျနော်ကလွဲပြီး ဘယ်သူမှ လဲ မကြည့်ပါဘူး
ဘယ်မှာ မှ လဲ ကြည့်ပါလို့ ဖတ်ပါလို့မပြောပါဘူး
ကိုယ့်သာသာ ကိုယ် ကိုယ့်အကြောင်းတွေဘဲ ရေးထာတာမို့ စိတ်ဝင်စားဖို့လဲမကောင်းပါဘူး
ဖတ်လို့လဲ မကောင်းပါဘူး အဆင်ပြေသလိုရေးထားတာကို
ဘလော့ရေးထာ ဘာတစ်ခုကောင်းလဲ ဆိုတော့ ဘယ်အချိန်တုန်း က ဘာဖြစ်ခဲ့တယ် ဆိုတာမျိုး အဲ့တုန်း က ဘယ်လို စိတ်ထားမျိုးထားပြီး ဘယ်လိုတွေးထင်ခဲ့တယ်ဆိုတာမျိုးကို ပြန်ဖတ်ရတယ်ဆိုတဲ့ အရသာကို ခံစားရတာပါ

အဲ့ဒါကြောင့် ဘလော့တစ်ခု ထောင်ပီး ကိုယ့်ဘာသာကို ရေးဖြစ်တာပါ ဒါပါဘဲ

Learning languages with Duolingo

Duolingo ဆိုတဲ့ မိုဘိုင်း အက်ပ် လေး ကိုခုတလော သုံးဖြစ်နေပါတယ်
ဘာသာစကား လေ့လာလို့ ရတဲ့ အက်ပ် လေး တစ်ခုပါ
ပြင်သစ် ဂျာမန် စပိန် အီတလီ စတဲ့ ဘာသာစကားတွေ ကိုလေ့လာလို့ရပါတယ်
self-study ပုံစံလေး ပါ

အက်ပ် ကို တည်ဆောက်ထားပုံလေး ကလဲ တော်တော် ကို သေသေသပ်သပ် ရှိပါတယ်
လေ့လာရတာလဲ တော်တော် အဆင်ပြေပါတယ်
သူက လုံးဝ မတတ်လဲ တစ်လုံးမှ မသိလဲ စပီးလေ့လာလို့ရပါတယ်
စစချင်း အခြေခံ ကနေစလေ့လာလို့ရပါတယ်

ကျနော်ကတော့ ပြင်သစ် စာလေ့လာလက်စမို့ ပြင်သစ်ကို ဘယ်လို သင်ပေးတာလဲ လို့ အရင် လေ့လာကြည့်ပါတယ်  ။တော်တော်လေး အဆင်ပြေတယ် ။ သူပေးထားတာလေးတွေက ရိုးရိုးလေးတွေနဲ့ ကိုယ့်ဘာသာကို အားကိုးပြီး အရမ်း လဲ မခက်ပဲနဲ့ လေ့လာနိုင်အောင် လုပ်ပေးထားတယ်
ပုံလေးတွေလဲ ပါတယ် ။ စိတ်ဝင်စားဖို့လဲကောင်းတယ်
သင်ခန်းစာတွေ ပြီးရင်လဲ test လေးတွေပေးထားတယ်
ကိုယ် လေ့လာထားတာတွေကို ပြန်ပြီး စစ် လို့ရတာပေါ့

ပြီးတော့ တခြားဟာတွေထပ် ပိုသာတာက စကားပြော အသံထွက်ကိုပါ လေ့လာလို့ရတာပါ
သူ က ပထမ လေ့ကျင့်ခန်း မှာ ကိုဘဲ စာကြောင်းလေး ကို အသံထွက်ဖတ်ပြသွားတယ် ပီးရင် နောက်ကနေ လိုက်ပြောပေးရတယ် မှန်မမှန် စစ်ပေးတယ် ။ အင်တာနက် ကော်နက်ရှင်ရှိဖို့တော့ လိုတာပေါ့နော်။ ကျနော် မြန်မာပြည်က မိုဘိုင်း အင်တာနက်နဲ့ဘဲ သုံးတာပါ အဆင်ပြေပါတယ် ..နဲနဲတော့ စောင့်ရတာပေါ့

ပြင်သစ်ကို နဲနဲ လုပ်ကြည့်လိုက်တော့ ကြိုက်သွားပြီး ဂျာမန် ကို လေ့လာကြည့်မယ်ဆိုပီ လေ့လာဖြစ်သွားတယ် အဲ့ဒါလဲ အဆင်ပြေတာဘဲ .. ခုဆို ဂျာမန်လို သုံးလေးကြောင်း လောက် ပြောတတ်နေဘီ နားလည်နေဘီ .. အရမ်းကြီးလဲ မခက်ဖူး ... ကိုယ့်ဘာသာ ကို စာသင်ခန်းထဲ မှာ ဆရာ နဲ့ သင်ရင်တောင် ခက်တယ်လို့ ထင်နေဦးမှာ .. ခု က အေးဆေးဘဲ

သုံးရတာတော်တော် အဆင်ပြေပါတယ် အင်တာနက်ထဲ ရှာကြည့်တော့ အွန်လိုင်းမှာ ကွန်ပျူတာနဲ့လဲ လေ့လာ လို့ရတယ် . အန်းဒရိုက် ရော အိုင်အိုအက်စ် အတွက်ရော အက်ပ် တွေရှိတယ်
လေ့လာကြည့်ရင် အဆင်ပြေမှာပါ 

Wednesday, April 30, 2014

မြန်မာ့ ဂီတလောက

one of the reasons why i literally don't listen to burmese songs or the brainwashed mindset of burmese singers and song writers

ကျမတို့ ကော်ပီဆိုတယ်ဆိုတာ သက်သက်သာသာ လေး ဆိုနေတာ မဟုတ်ပါဘူး လည်ချောင်းသွေးထွက်အောင် အော်ပီး လေ့ကျင့်ပီး ဆိုနေတာပါ (အဆိုပြိုင်ပွဲ မှ တစိဆင့် အောင်မြင်လာသူ တေးသံရှင်တစ်ဦး)

ကော်ပီလဲ ဆိုရတီးရ တာဘဲ အုန်းကျွန်း (own tune )လဲ ဆိုရတီးရတာဘဲ (ရော့ကာဘိုးအေကြီး)

ကော်ပီလွယ်တယ်ဆိုရင် ရေးကြည့်လိုက်စမ်းပါ
(နာမည်ကြီး တေးရေးဆရာ)

sorry but it is true , stupid ppl

ကိုယ့်ကိုကိုယ် မသေချာခြင်းများ

အချစ်ဆိုတာ ထူးဆန်းတယ်
ဘာကို လက်ကိုင်ပြီး ဘာက အချစ်ပါဆိုတာကိုပြောဖို့ ခက်ပေမယ့်
အချစ်ဆိုတာ က ရှိနေတယ် ။ ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်
ဒါပေမယ့် အချစ်ဆိုတာကို ခံစားဖူးကြတယ်
အချစ်ဆိုတာကြီးကြောင့် ခံစား ခဲ့ကြရတယ် ။ နာကျင်ခဲ့ရတယ် ။
မျက်ရည်ဆိုတာတွေကို အချစ်နဲ့ ကျမှ ပျော်ပျော်ကြီး ပေးဆပ်ခဲ့တယ်။
တော်တော် ရင့်ကျက်နေပြီ လို့ ကိုယ့်ကိုကိုယ် ထင်နေပြီးမှ ဒီအချစ်ကြောင့် ငါဟာ အရူးတစ်ယောက်လိုပါလား လို့ တွေးမိတယ် ။
ရုပ်ရှင်တွေထဲ ၊ ဝတ္ထုတွေထဲ မှာ အလွန်အမင်း အမွန်းတင်နေတဲ့ အချစ်ဆိုတာကို ကိုယ်တိုင် ကြုံတွေ့ရတဲ့ အချိန်မှာ ရုပ်ရှင်ထဲကလို လှပမနေခဲ့ပါဘူး ။
ဒါပေမယ့် ဖြစ်ခဲ့တာတွေ အားလုံးအတွက် ကျေနပ်တယ်။
အနည်းဆုံးတော့ ငါသည် အချစ်ကို ခဏတာ ခံစားဖူးခဲ့တယ်လေ ။ ငါ့အတွက် လုံလောက်ပြီပေါ့ ။
နောက် အချစ်တွေလဲ ပေါ်ချင်ပေါ်လာမယ် မပေါ်ချင်လဲ မပေါ်လာတော့ဘူးပေါ့ ။
ရှေ့ဆက်သွားတာကတော့ သွားရမှာပဲလေ ။ ရပ်နေလို့မှ မရတာ ။ 

ကြိုက်မိတဲ့ သီချင်း တပုဒ်

ငါသည် enrique iglesias ရဲ့ hero သီချင်းကို ဘာလို့ ကြိုက်ရသလဲ လို့ တွေးမိသောအခါ
၁) စာသားများသည် အလွန်တရာ မဟားတရား ပက်ပက်စက်စက် ကိုကောင်းလွန်းနေခြင်း
၂) သံစဉ်သည် မဆူလွန်း မညံလွန်း မအေးလွန်း မငြိမ်လွန်း အလောတော် ဖြစ်ခြင်း
၃) အဆိုတော်၏ အသံသည် မနာလိုစရာကောင်းလောက်အောင် ကောင်းလွန်းခြင်း ၊ သာမန်ကောင်းသည်ဆိုတာထက်ပို၍ ဆွဲဆောင်မှုရှိလွန်းခြင်း
၎) အဆိုတော် သည် ဤသီချင်းကို ဆိုရာ၌ expression ဟုခေါ်သော ခံစားချက် ကို စကားလုံး တစ်လုံးချင်းဆီတွင် ထည့်၍ ဆိုခြင်း

ထို့ကြောင့်ကြိုက်ပါသည် ... အခုတလော ဒီသီချင်းတစ်ပုဒ် သာနားထောင်ဖြစ်နေပါကြောင်း အခေါက် ၁၀၀ မကတော့ပါကြောင်း